ပ ရိသတ်ကြီးရေ နန်းဆုရတီစိုးကတော့ ရှမ်းတရုတ်ကပြားမလေးဆိုတာ အထူးတလည်ပြောပြစရာမလိုလောက်ပါဘူးနော်။သူမကတော့ သရုပ်ဆောင်မင်းသမီးလည်းဖြစ်သလို အဆိုပိုင်းမှာလည်းအောင်မြင်တဲ့ သူတသ်ယောက်ဆိုတာ မှားမယ်မထင်ပါဘူးနော် ။

ဆယ်စုတစ်တစ်ခုအကြာထဲက ” မေမေဆူလိမ့်မယ် ” သီချင်းနဲ့ ပရိသတ်တွေရင်ထဲနေရာယူထားတဲ့သူမကတော့ နှစ်အတော်ကြာအနုပညာခြေလှမ်းတွေကျဲသွားပြီးတဲ့နောက် ” ရူးအောင်ချစ်ရသူ ” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလောက်တဲ့ထိ အောင်မြင်ခဲ့တာပါ။ လက်ရှိမှာလည်း သီချင်းအသစ် Music Video တွေ ဆက်တိုက်ထွက်ရှိကာ ပရိသတ်တွေကြားမှာ အပြောများနေတဲ့ အနုပညာရှင်တစ်ဦးလို့တောင် ဆိုရမှာပါ။

ကျောင်းဖျော်ဖြေပွဲတွေကို ဆက်တိုက် သွားရောက်ဖျော်ဖြေနေတဲ့နန်းဆုကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖျော်ဖြေခဲ့တဲ့ပွဲရဲ့ပုံရိပ် ဗီဒီယိုဖိုင်လေးတွေကိုလည်းအမြဲတင်ပေးလေ့ရှိသူပါ။ နိုင်ငံကျော်အဆိုတော် G Fattနဲ့ နှစ်ဦးသဘောတူလမ်းခွဲပြီးတဲ့နောက်မှာ ဝေဖန်မှုတော်တော်များများကို ခံခဲ့ရသူပါ။ လမ်းခွဲ ပြတ်စဲပီးအချိန်တော်တော်ကြာပြီဖြစ်တဲ့ ဒီနေ့မှာတော့ နန်းဆုတစ်ယောက်ချစ်သူရနေပြီလို့ထင်ရတဲ့ အရာတစ်ခုကိုသူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My dayမှာ ”Dating “ဆိုတဲ့ စာသားလေးနဲ့အတူ ဝိုင်နှစ်ခွက်နဲ့ ချီးယားလုပ်ထားတဲ့ ယောကျာ်းလက်နဲ့ မိန်းမလက် တစ်ဖက်ဆီကိုတင်လာခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော နန်းဆုတင်ထားတဲ့လက်ပိုင်ရှင်ကဘယ်သူဖြစ်မလဲဆိုတာမှချက်ပေးခဲ့ပါဦးနော်။

Source: Nann Hsu Yati Soe,Credit – CeleConnections