အ စိုးရ ဌာနဆိုင်ရာများ အနေဖြင့် သင်္ကြန်ပွဲေ တာ် အ ပါအ ဝင် လူစုလူဝေး အခမ်းအနားများ ကို ဧပြီလကုန်အထိ မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး အောင်လှထွန်းက ပြောကြား သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ယနေ့ နေ ပြည်တော်၌ပြုလုပ်သည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ် အစည်းအဝေး၌ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြောသည်။

‘‘ဒီရောဂါပြန့်ပွားမှုကိုဖြစ် ပေါ်စေတဲ့ လူစုလူဝေးအခမ်းအ နားေ တွကို တတ်နိုင်သလောက် ထိန်းထိန်းသိမ်းသိမ်းနဲ့ပြုလုပ်ဖို့၊ ဖြစ်နိုင်ရင် လုံးဝရပ်ဆိုင်းထားဖို့ ပေါ့၊ သင်္ကြန်ကို လည်း ခါတိုင်းဆို နိုင်ငံတော် အ ဆင့်လု ပ်တယ်၊ ဒေသအစိုးရတွေကလုပ်တယ်၊ အဲဒါ တွေမလုပ်တော့ဘူး’’ဟု ၎င်းကြေ ပာသည်။

အထက်ပါ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ အစိုးရဌာနများ၌ လူစုလူဝေး အခမ်းအနားများ မပြုလုပ်ရန်၊ ဖျော်ဖြေရေး ပွဲတော်များနှင့် သင်္ကြန်ကာလ ဖျော်ဖြေရေး မဏ္ဍပ်များ ခွင့်မပြုရန်၊ ရုပ်ရှင်ရုံ များ ယာယီပိတ်ထားရန်တို့ကို ညွှန်ကြားမည်ဖြစ်ကြောင်း ဦး အောင်လှထွန်းက ရှင်းပြသည်။

‘‘သင်္ကြန်မဏ္ဍပ်ဆောက်ခွင့် တွေမပေးတော့ဘူး၊ လူစည်ကား တဲ့ ဖျော်ဖြေရေးမဏ္ဍပ် အကြီး ကြီးတွေကို လိုင်စင်လျှောက်ခွင့် မပေးတော့ဘူး။

ရိုးရာယဉ်ကျေးမှု ထုံးစံအရ ကိုယ့်အိမ်မှာလုပ်တာ ကိုတော့ ကျွန်တော်တို့ မပြောလို ဘူး။ ရုပ်ရှင်ရုံကလည်း အအေး ခန်းမှာ အကြာကြီးနေရတဲ့နေရာ ဆိုတော့ ဗိုင်းရပ်စ်ဖြစ်ပွားမှုကို အားပေးတဲ့နေရာ။ သူ့ကိုလည်း ဧပြီလကုန်အထိ ယာယီရပ်ဆိုင်း ထားဖို့ ပါပါတယ်’’ဟု ၎င်းကပြော သည်။

သို့သော် ပြည်သူများကိုမူ အစိုးရက အမိန့်ထုတ်ပြန်တားမြစ် မည်မဟုတ်ဘဲ လူစုလူဝေး အခြေ အနေကို ရှောင်ရှားရေး ကျန်းမာရေး အသိပညာပေးတိုက်တွန်းမှု သာပြုလုပ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းအစည်းအဝေး၌ ပြောသည်။‘‘အတိုင်ပင်ခံပုဂ္ဂိုလ် အ လေးအနက်မှာကြားတာက ပြည် သူကို အမိန့်ထုတ်ဖို့မဟုတ်ပါ ဘူး။ အသိပညာပေး ပန်ကြားဖို့ ပါ။ အထိတ်တလန့်မဖြစ်အောင် သတိရှိရှိနဲ့ နေထိုင်ဖို့ ပန်ကြား ဖို့ပါ’’ ဟု ဒုတိယဝန်ကြီး ဦးအောင် လှထွန်းက ရှင်းပြသည်။

လတ်တလော ရောဂါဖြစ် ပွားမှုနှင့် ကူးစက်မှုနှုန်းများပြား နေသော နိုင်ငံများမှ လာရောက် သူများကိုလည်း မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်းကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရေး၊သွား လာမှုပိတ်ပင်တားမြစ်ခြင်းတို့ကို ပြုလုပ်နိုင်ရန်နှင့် ၎င်းတို့အား ထားရှိမည့် နေရာများ ကြိုတင် ပြင်ဆင်ထားရန် အထက်ပါ အစည်းအဝေး၌ ဆွေးနွေးခဲ့ ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။

ရွှေတိဂုံ၊ မဟာမြတ်မုနိ အစ ရှိသော ထင်ရှားသည့် ဘုရားစေတီများနှင့် လူစည်ကားရာနေ ရာများတွင် အပူချိန်တိုင်းစက်ကိ ရိယာများထားရှိရေး အစိုးရက ဆောင်ရွက်မည်ဟုဆိုသည်။ ထို့ အပြင် ဘာသာရေးနှင့် ပတ်သက် ၍ လူအများစုဝေးသည့် နေရာ ဌာနများတွင်လည်း သတိပြု ဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် အသိပေးမည်ဟု ဒုဝန်ကြီး ဦးအောင် လှထွန်းကပြောသည်။

‘‘ဘာသာရေး အသင်းအဖွဲ့ တွေ စုဖွဲ့တဲ့နေရာတွေ၊ ဝတ်ပြုတဲ့ နေရာတွေမှာလည်း လူစုလူဝေး တွေကို သတိထားပြီး ကျင်းပဖို့၊ မကျန်းမာတဲ့လူတွေကို မလာခိုင်း ဖို့၊ သာသနာရေးနဲ့ယဉ်ကျေးမှုဝန် ကြီးဌာနကတစ်ဆင့် အသိပညာ ပေးမယ်’’ဟု ၎င်းက ပြောသည်။

လတ်တလောကာလအ တွင်း အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်ပခရီးစဉ်များ သွားရောက် ခြင်းမပြုရန် နှင့် မဖြစ်မနေသွားရမည့် ခရီးစဉ် ဖြစ်ပါက မြန်မာနိုင်ငံသို့ ပြန် ရောက်လျှင် နှစ်ပတ်ကြာ စောင့် ကြည့်မှုခံယူရန် အစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်ပြန်မည်ဟု ဆိုသည်။

COVID-19 ရောဂါနှင့် ပတ်သက်၍ အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် မမှန် ကန်သည့် သတင်းအချက်အ လက်များ၊ ကောလာဟလများ၊ လုပ်ကြံဖန်တီးထားသည့် သတင်း အချက်အလက်များ ရေးသားဖြန့် ဝေသူများကို ဖော်ထုတ်အရေးယူ ရန်လည်း အထက်ပါ အရေးပေါ် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ ကြောင်း ဦးအောင်လှထွန်းက ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ရောဂါ ကို ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ် မှတ်ကြောင်း မတ်လ ၁၁ရက် ညပိုင်းတွင်ကြေညာသည်။ သို့သော် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ မရှိသေး ပေ။

သို့သော် ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်တွင် ယင်းရောဂါနှင့် ပတ်သက်သည့် သတင်းအမှား ရေးသားဖြန့်ဝေမှု အများအပြား ရှိနေပြီး မြန်မာပြည်သူများကြား စိုးရိမ်ပူပန်မှုမြင့်တက်ကာ ဈေး ဝယ်စင်တာအချို့၌ စားသောက် ကုန်များ အလုအယက်ဝယ်ယူမှု ယနေ့ညက ဖြစ်ခဲ့သည်။

လေးစားစွာဖြင့် ခရစ်ဒက် …… 7Day News Journal