တ ရုတ်ပြည်မှာ ဝူဟန်မြို့ လူဦးရေ ၁၁ သန်းကို အသွား အလာ ပိတ်တာတောင် အစာရေစာ မပြတ်လပ်ပါ။ အလုအယက်ဝယ်ထားစရာမလိုပါ။ တကယ်တော့ သေမှာ ကြောက်ရမှာ မဟုတ်ပါ။ တရုတ်တမြည်လုံးသေတာ ၅၀၀၀ မပြည့်သေးပါ။ ကျနော်တို့ နာဂစ်သေနှုန်းကို မှီရဲ့လား။

♥တကယ်ကြောက်ရမှာက လူစု လူဝေး ကြီးမားတာပြီး ရုတ်တရက်ရောဂါ ပြန့်သွားမှာကိုပါ။

♥လူတစ်ရာ ရောဂါ ဖြစ်ရင် ၈၀ က လည်ချောင်းနာ ချောင်းဆိုးဖျားပြီး ခဏနဲ့ ပြန်ကောင်းပါတယ်။

♥ကျန်တဲ့ ၂၀ ဆေးရုံ ဆေးခန်း ရောက်ပါတယ်။ အဲဒီ ၂၀ ထဲက ၅ ယောက်ဟာ အသက်ရှုစက် တတ်ဖို့ လိုပါမယ်။ အဲဒီ အသက်ရှုစက်တတ်သူ ၅ ယောက်ထဲက တစ်ယောက်သေပါတယ်။ (တရုတ်သေနှုန်းကို ၃.၄ တွက်တာ စုစုပေါင်း ဖြစ်သူကို ကိုရီးယားမှာလို မရှာနိုင်လို့ပါ။)

♥အီတလီမှာ အသက်ရှုစက်တတ်နေရသူ နေ့တိုင်း ၉၀၀ ရှိပါသတဲ့။ ဒါဆို ဆေးရုံတက်ရသူ 3600 လောက်ကို ရှိမှာ။ စုစုပေါင်း ၄၅၀၀ ပေါ့။ ဒီလောက်လူနာ ၄၅၀၀ ကို သွေးဖောက်ဖို့ ဆေးကု စောင့်ရှောက်ဖို့ PPE တစ်ရက်ကို ၅၀၀၀ ပဲကုန်တယ်ထားဦး။ ကျနော်တို့ ဘယ် နှစ်လလောက် တောင့်ခံနိုင်မှာလဲ။ ဝန်ထမ်းတစ်ယောက်ဟာ ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ ထိမိရင် ဖြစ်စေ နီးစပ်ခဲ့ရင် ဖြစ်စေ သူကိုယ်တိုင်ဖိားခဲ့ရင် ဖြစ်စေ၊ အနည်းဆုံး ၁၄ ရက် အနားယူရပါပြီ။ ဥပမာ- ဓာတ်ခွဲဝန်ထမ်းဖျားရင် ၁၄ ရက်နားပြီ။ သူ့နေရာ ဘယ်သူ အစားထိုး ဝင်လုပ်တတ်မလဲ။ ဆိုလိုတာ လူအင်အား ပစ္စည်း အင်အား နဂိုထဲက ကျန်းမာရေးဖက်မှာ မလောက်ငတာ။ ဘယ်လိုမှ ကျနော်တို့ မနိုင်နင်းနိုင်ဘူး။

♥စီးပွားရေးမှာ ကုန်ကြမ်းမရှိ ကုန်ချောဝယ်သူမရှိလို့ အထည်ချုပ်စက်ရုံလိုမျိုးတွေ ပိတ်ရပြီ။ အလုပ်တချို့နားရပြီ။ တကယ်ကပ်ရောဂါ ဝင်လာရင် တရုတ်နိုင်ငံလို ၃ လလောက် ကျနော်တို့ နိုင်ငံစီးပွားရေးက တောင့်ခံနိုင်ပါ့မလား။ ဒီဇင်ဘာက စလိုက်တဲ့ တရုတ် အခု မတ်လအထိ နလံမထူသေးဘူး။ ဘာမှ မဖြစ်လာခဲ့ရင် ကျနော်တို့ မြန်မာတွေက စီးပွားရေးက သူများထက် စောပြီး ပြန်လည်ပါတ်နိုင်မယ်။ တကယ်ကပ်ရောဂါ ဝင်ခဲ့ရင် လ ချီ ကြာမယ်။

♥တကယ်ကြောက်ရမှာက စီးပွားရေးရယ် နိုင်ငံရေးရယ် အုပ်ချုပ်ရေးရယ် အပေါ် သက်ရောက်မှုပါ။ ကျနော်တို့နိုင်ငံက လူတွေ တရုတ်တွေလို ၃-၄ လ ဘာမှ မလုပ်ဘဲ ထိုင်မစားနိုင်ကြပါ။

Credit-MaungMaungOo