တ ကယ့် ကို တန်ဖိုးရှိပြီး မွန်မြတ်တဲ့ အလှူလေးမို့ ပရိသတ်ကြီးသိအောင် ခုလိုပြန်လည်မျှဝေပေးလိုက်ပါတယ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသည့် ဒုတိယနေ့တွင် တောင်ငူမြို့ အမှတ် (၆) ကျောင်းတွင် တောင်ငူမြို့ ပြည်ငြိမ်းအေးအရေးပေါ် ကယ်ဆယ်ရေး ပရဟိတ ညီအစ်ကိုမောင်နှမများမှစာဖြေ ကျောင်းသား/ကျောင်းသူများ အတွက် စာရေး ကိရိယာများကို လှူဒါန်းထားသည်ကိုတွေ့ရပါတယ် ။

စာဖြေ ကျောင်းသား / ကျောင်းသူများအတွက် စာရေး ကိရိယာ လှူဒါန်းပေးသော ပရဟိတ ညီအစ်ကို မောင်နှမများကလည်း နောက် ဖြေဆိုရန် ကျန်ရှိသော ရက်များတွင်လည်း ယခုလို စာရေးကိရိယာများကို ဆက်လက်လှူဒါန်းအုံးမည်လို့လဲ သိရပါတယ်။

ကောင်းသော အလေ့အထ လေးမို့ နောင်နှစ်တွေလည်း အစဉ်လာမပျက် ယခုလို ကျောင်းသူ / ကျောင်းသားများ၏ ဘဝ တစ်ဆစ်ချိုး ပြောင်းမည့် တက္ကသိုလ်ဝင် စာမေးပွဲကြီးတွင် ကျောင်းအားလုံးတွင် ယခုလိုစာရေးကိရိယာများ လှူးဒါန်းနိုင်ကြပါစေလို့ ဆုတောင်းရင်း သားတို့ သမီးတို့လည်း အခက်အခဲမရှိ လွယ်ကူ ချောမွေ့စွာ ဖြေဆိုနိုင်ကြပါစေ ။”

ဒါကြောင့် လိုအပ်တဲ့အလှူဖြစ်ပြီး မွန်မြတ်တဲ့အလုပ်လေးမို့ ပရိသတ်ကြီးတို့လည်း သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်..

Writer ; Kwee (Jeeptoolay)

Source ; Soe Yi