သိန်းေ ပါင်း ၃၆၀၀၀ ကျော် တန်ဖိုးရှိ ပတ္တမြားများဖြင့် စီခြယ်ထားသော ပုဆိုးကို ဝတ်ဆင်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ဗုဒ္ဓဘာသာ သူတော်စင် ကိုချမ်းမြေ့ဆွေ

နိုင်ငံတော်မှချီးမြင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရ ဘွဲတံဆိပ်တော် ယူရန်အတွက် ပြည်တန်ပတ္တမြားတွေနှင့် ပေါင်းစပ်ဖန်တီးထားတဲ့ မြန်မာ့အမျိုးသားဝတ်စုံ…….

ကျွန်တော်အတွက်ကတော့ ခုလိုဝတ်စုံမျိုး နောက်တစ်ခါဖန်တီးပေးရမရဆိုတာ မသေချာတဲ့အရာပါ ဝတ်စုံ တစ်စုံလုံးကို ရွှေအစစ် ရွှေဘောလုံး ရွှေချောင်းလေးတွေ ရွှေအလေးချိန် (1 )ပိသာ နှင့် တစ်ထည်လုံးအနုစိတ် သီထိုးထားပြီး ပျဉ်းမျှတန်ဖိုးငွေ တစ်လုံးလျှင်သိန်းနှစ်ရာ(200)-2ကလပ်အရွယ်ပတ္တမြား အလုံး (180)ပျဉ်းမျှတန်ဖိုးငွေ သိန်း(36000)ဖြင့် စီချယ်ထားတဲ့ ဝတ်စုံပါ။

ပိုင်ရှင်အကိုက ဒီလိုဝတ်စုံမျိုး ဖန်တီးပေးပါလို့ ပြောခဲ့တဲ့ အချိန်တုန်းက ဒီလောက်တန်ဖိုးကြီးပစ္စည်းတွေနှင့်ဖန်တီးရမယ်လို့မထင်ခဲ့ပါ ဘူး (ဖန်တီးတဲ့အချိန်ကတော့ အရမ်းဂရုစိုက်ရပါတယ်)ကျနော့စိတ်ကြိုက် ကျနော်တို့ Designer တွေ အကျီတွေမှာ သုံးတဲ့ စိန်ကျောက်တွေရဲ့မို ကိုယူပြီး မိသားစုပိုင် တစ်တန်းသွားပတ္တမြားတွေ လုံးချောတွေကို အကုန်ပန်းထိမ်မှာပြန်အပ်ပြီး ကျနော်လိုချင်သလို ချုပ်လုပ်လို့ရ‌အောင် ပန်းထိမ်နှင့်သေချာတိုင်ပင် ကျောက်တွေပြန်သွေး ပြင်ဆင်ပေးတဲ့တွက်အထူးကျေးဇူးတင်ပါတယ်ဗျ

ပွဲတစ်ပွဲလုံးမှာ လူတွေစိတ်အဝင်စားဆုံးတန်ဖိုးမဖြတ်နိုင်တဲ့( 78) ကလပ်အရွယ် ဘိုးဘွားပိုင် ပတ္တမြားစီချယ်ထားတဲ့ စလွယ်ပါ ကျနော့အတွက်တော့ ခုလိုအပြင်မှာမြင်ဖူးရုံနှင့်ကို စိတ်လှုပ်ရှားရပါတယ် ခုလိုမျိုးနိုင်ငံ့ ရှားပါးရတနာမျိုးကို ပြည်ပမရောက် အောင်ထိန်းသိမ်းထားတဲ့ အတွက် မြန်မာပြည်သားတစ်ယောက်အနေဖြင့် ဂုဏ်ယူပါတယ်ဗျ ။

ရတနာဆိုတာ ထိုက် မှရတဲ့အရာမျိုး ပါ အခုလိုငယ်ငယ်ရွယ်ရွယ်နှင့် အလှူကြီးတွေလဲလှူနိုင် တန်းနိုင် နိုင်ငံတော်အတွက်လဲ အခွန်‌တော်တွေဆောင်နိုင် နိုင်ငံတော်ကပေးအပ်တဲ့ ဘွဲတံဆိပ်တော်ချီးမြင့်တဲ့ပွဲ (နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော် အတိုင်ပင်ခံရှေ့)မှာလဲ မြန်မာ့တွင်းထွက် ကျောက် မျက်ရတနာတွေနှင့် စီချယ်ထားတဲ့ ဝတ်စုံတွေကို ဂုဏ်ယူစွာဝတ်ဆင်နိုင်ပြီး တင့်တယ်စွာမြင်ရတော့ ဖန်တီးခွင့်ရတဲ့အတွက်လည်းဂုဏ်ယူမိသလို အားလဲကျမိပါတယ်

စိတ်အကျေနပ်ရဆုံးကတော့ ကျနော်ဖန်တီးထားတဲ့ဝတ်စုံပေါ်မှာစီချယ်ထားတဲ့ တန်ဖိုးသိန်း လေးသောင်းကျော်ရတနာပစ္စည်းတွေကို မလိုအပ်တဲ့အချိန်ထိ မဖြုတ်မဖျက် သိမ်းထားမယ်ဆိုတဲ့အတွက်အရမ်းဝမ်းသာပါတယ် ရတနာဆိုတာကလည်း ဘယ်နေရာမှာပဲရှိနေနေ သူ့တန်ဖိုးနှင့်သူရှိနေတဲ့အရာပါ အမြဲတမ်း ရတနာကို တန်ဆာဆင်နိုင်ပါစေ အကို……။

ဂုဏ်ယူလျှက်- ဒီဇိုင်နာ သျှတ္တရ