ကို ရိုနာကို ပေါ့ဆနေသူများ သစ်သားအိမ်တွေပဲ ရှိတဲ့ ရပ်ကွပ်မှာ မီးတွေ လော င်နေတယ်လို့ပဲ သဘောထားကြည့်လိုက်ပါ…….
အသုံးဝင်မယ်ဆို Share ပေးပါ

သစ်သားအိမ်တွေပဲ ရှိတဲ့ ရပ်ကွပ်မှာ မီးတွေ လောင်နေ တယ်လို့ပဲ သဘောထားလိုက်ပါ။ လေတိုက်နှုန်းကလဲ အရမ်းကောင်းနေတယ်ပေါ့။ မီးတွေကလည်း ဟိုတစ်စ ဒီတစ်စ ခုန်ကူးနေတယ်။ဒီအချိန်မှာ ကိုယ့်အိမ်ပတ်လည် ဘေးမှာ မီးတွေ အကုန်ကူးနေပြီ ကိစ္စကို ကိုယ့်အိမ် မလောင်သေးလို့ဆိုပြီး အထဲမှာ အေးဆေး ဂစ်တာတီးပြီး သီးချင်းဆိုလိုက်၊ ဝိုင်းဖွဲ့ စားသောက်လိုက် နေသင့်လား? ဒါမှမဟုတ် ကြိုတင်ပြီး ရေတွေ ဖြန်းထား၊ အရေးကြီးပစ္စည်းတွေ စုထား တာမျိုးနဲ့ ပြင်ဆင်ထားမလား?

အခု Covid19 virus ကလည်း ဒီလိုပဲ။ WHO က မနေ့ညကတင် Covid 19 ကို pandemic ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကြေငြာလိုက်ပြီ။ UK ရဲ့ ကျန်းမာရေးဝန်ကြီးကိုယ်တိုင်လဲ အကူးခံရတယ်။ မင်းသားကြီး Tom Hank တို့ လင်မယားလဲ အကူးခံရတယ်။

ဒီအခြေအနေမှာ အားလုံးက ကြိုတင်ပြင်ဆင်ပြီး သတိရှိနေဖို့ လိုပါတယ်။ ခုနက မီးလောင်သလိုပဲ မြင်ကြည့်ပါ။ ကိုယ့်ဘေးပတ်ဝန်းကျင်တွေ အကုန်ဖြစ်နေပြီကိစ္စမှာ ကိုယ်မဖြစ်သေးလို့ အေးဆေးမနေပါနဲ့ ။ ကြိုတင်ပြင်ဆင်ပါ။ နာဂစ်မှာတုန်းက အေးဆေးပဲ ဆိုပြီး နေခဲ့လို့ အသက်ပေါင်းများစွာ စတေးလိုက်ရတာကို သတိရပါ။

ဒီက ကျန်းမာရေးဝန်းကြီးဌာနကလည်း ကြိုတင်ပြင်ဆင်ဖို့ နှိုးဆော်ထားပါတယ်။ ဖြစ်လာရင် ပြိုင်တူ အများကြီး ဖြစ်နိုင်တယ်လို့လဲ ဆိုထားပါတယ်။ သဘောက ရှိချင်နေနိုင်မယ်။ ဒါကို ပုံမှန် ဖျားနာတာနဲ့ ရောသွားပြီး မစစ်မိတာ မျိုးဆို covid19 virus ရှိမှန်းမသိ ဖြစ်မယ်။ အားလုံးကို စစ်ဖို့ ဆိုတာကလည်း တော်တော်ကို ခက်ခဲတဲ့ အခြေအနေတစ်ရပ်ပါ။

ဒီတော့ လက်မှန်မှန်ဆေးပါ။ အားတိုင်း မသန့်ဘူးထင်ရင် လက်သွားဆေးလိုက်ပါ။ တစ်ခါဆေးရင် စက္ကန့် ၂၀-၃၀ လောက်ကို ဆေးပါ။ Hand Gel ဗူးတွေလဲ ဆောင်ထားပါ။

နောက်ပြီးတော့ ဘာလို့ ဂရုစိုက်ဖို့လိုလဲဆိုတော့ ဘယ်သူ့မှာ ရောဂါရှိမှန်း မသိနိုင်လို့ပါ။ ရောဂါကူးစက်ခံထားရပေမယ့် ၂ပတ်လောက်ထိကို သာမာန် လူလိုပဲ ကျန်းကျန်းမာမာနဲ့ သွားလာလှုပ်ရှားနေပြီး ကျန်တဲ့သူတွေကို ထပ်ကူးနိုင်လို့ပါ။

ဒီတော့ လူစုလူဝေးနေရာတွေကို ရှောင်ပါ။ ပွဲလမ်းတွေ ဘယ်သူတွေ ဘာလုပ်လုပ် ကိုယ်မသွားပါနဲ့။ ဒီတစ်နှစ်လောက် ပွဲမသွားလိုက်ရလို့ ဘာမှ ဖြစ်မသွားပါဘူး။ ကိုယ်ဂရုမစိုက်လို့ ကူးစက်ခံရရင် ကိုယ်တင်မဟုတ်ပဲ ကိုယ့်မိသားစု ပါ ကိုယ့်ရဲ့ မဆင်မခြင်မှုကြောင့် အချောင်ကူးစက်ခံရနိုင်တယ်ဆိုတာ သတိပြုပါ။ Travel tour တွေ ပွဲလမ်းသဘင်သမားတွေ စီးပွားရေး တန့်နေပါမယ်။ ဒါကလည်း တကမ္ဘာလုံး ဖြစ်တာပါ။

europe မှာ ရောဂါ ကူးစက်ပြီး ၃-၄ ရက်အတွင်းမှာတင် စီးပွားရေး ဈေးကွက်ထဲက ဒေါ်လာ 300 bil လောက် ပျောက်သွားပါတယ်။ တရုတ်မှာ လည်း စက်ရုံတွေ နားတဲ့အတွက် ထုတ်ကုန်ကျနေတာ ကြာပါပြီ။

ဒီတော့ သူငယ်ချင်းမိတ်ဆွေတွေ …. အကုန်လုံး ကြိုတင်ကာကွယ်ပါ။ ကိုယ်ပေါ့ဆရင် ကိုယ့်မိသားစု ပတ်ဝန်းကျင်ကိုပါ ရောဂါ ပြန်ကူးစေပြီ ဒုက္ခပေးသလို ဖြစ်ပါမယ်။ လက်ဆေးပါ။ ကိုယ် နေမကောင်း ဖျားနာ နှာစေးချောင်းဆိုးနေမယ်ဆို mask တွေ သုံးပါ။ လူစုလူဝေးတွေ ရှောင်ပါ။ သင်္ကြန်လဲ ဒီနှစ်မကဲရလို့ ဘာမှမဖြစ်ပါဘူး။ သင်္ကြန်မှာ အပြင်ထွက်ပြီး ၅သောင်း ၁သိန်း သုံးမယ် မှန်းထားရင် အိမ်မှာပဲ စားလိုက်အိပ်လိုက်နဲ့ သာယာကြပါ။ စုမိတဲ့ငွေနဲ့ တစ်ခုခု ဝယ်လိုက်ရင် အဖတ်တင်ပါတယ်။

တစ်ခု သက်သာတာက ကူးစက်နှုန်း အရမ်းမြန်ပေမယ့် သေနှုန်း နဲပါသေးတယ်။ ၁၀၀ မှာ ၃ယောက်လောက်တော့ သေပါတယ် ။ အများစုက လူကြီးပိုင်းတွေပါ။ယုံကြည်ရတဲ့ သတင်းဌာနတွေ ကို စောင့်ကြည့်ပါ။ သတင်းအ မှားတွေ လက်မခံပါနဲ့။

လေးစားစွာဖြင့် ခရစ်ဒက် …… U Khant Kywe Soe