လက် ရှိ တရုတ်ပြည်နယ်ရဲ့ အခြေအနေတွေက အဖက်ဖက်မှာ ရှုပ်ထွေးလျက်ရှိပါတယ်။ စီးပွားရေးနဲ့ ကျန်းမာရေးဘက်မှာလည်း အောက်ကိုသာထိုးဆင်းနေတာကြောင့် တရုတ်နိုင်ငံသူနိုင်ငံသားများအနေနဲ့လည်း တော်တော်အခက်တွေ့ကြရပါတယ်။ ဒီထက်ပိုဆိုးတာ ဆေးရုံတွေမှာရှိတဲ့ ဆရာဝန်တွေနဲ့ သူနာပြုဝန်ထမ်းတွေပါပဲ။ ရောက်လာသမျှလူနာတွေကိုလည်း အချိန်ပြည့်ကြည့်ရှု့ပေးနေရပြီး အနားယူရချိန်မရှိသလောက်ပါပဲ။ ဒီလိုအချိန်ပိုတွေဆင်းနေရတာကို တရုတ်အစိုးရပိုင်းကလည်း အချိန်ပိုကြေးတွေ၊ အစားထိုးနားရက်တွေကို ဆရာဝန်တွေ၊ သူနာပြုတွေကို ပေးပါတယ်။ ဒါပေမယ့် သူနာပြုအမျိုးသမီးလေးတစ်ယောက်ကတော့ ဒီလိုအချိန်ပိုကြေးတွေ၊ အစားထိုးနားရက်တွေ မပေးပဲနဲ့ သူ့ကို ရည်းစားကောင်လေးတစ်ယောက် ရှာပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အ သက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ သူနာပြုမလေး Tian Fangfang ဟာ “ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ဆိုးကြီးပြီးသွားရင် ကျွန်မကို ရည်စားတစ်ယောက်လောက်ရှာပေးဖို့ အစိုးးရကို တောင်းဆိုပါတယ်” ဆိုတဲ့ ပို့စ်ကို သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်မှ တစ်ဆင့် အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။ ဒါ့အပြင် Tian ရဲ့ အရပ်က ၅ပေ ၆လက်မ ရှိတာကြောင့် သူ့ထက်ရှည်တဲ့သူနဲ့ ဒိတ်ချင်ကြောင်း ထပ်မံ ဖွင့်ဟ ပြောဆိုခဲ့ပါသေးတယ်။

Tian ရဲ့ ပို့စ်ဟာ တင်ပြီးသိပ်မကြာခင်မှာပဲ ဆိုရှယ်မီဒီယာပေါ်မှာ တောမီးပမာ ပျံ့နှံ့သွားပြီး သူမကို ဝိုင်းဝန်းထောက်ခံသူတွေ များပြားခဲ့ပါတယ်။ “ ကျွန်မတောင်းဆိုတာ အပြောင်အပျက်မဟုတ်ပါဘူး။ တကယ်ပါ။ ဒီရောဂါကပ်ဆိုးကြီးက ဘယ်တော့ပြီးမယ်မှန်း ဘယ်သူမှ မသိပါဘူး။ ဒီကြားထဲမှာလည်း ကျွန်မတော်တော်ပင်ပန်းရပါတယ်။ ဒါ့ကြောင့် ဒီကပ်ဆိုးကြီးပြီတာနဲ့ ကျွန်မနဲ့ လက်တွဲဖို့ ချစ်သူလေးတစ်ယောက်တော့ ရချင်ပါသေးတယ်။ တခြား အချိန်ပိုကြေးတွေ၊ အစားထိုးနားရက်တွေ ကျွန်မအတွက်မလိုပါဘူး” လို့ Tian က ပြောကြားခဲ့ပါတယ်။

Credit-Burmese.Asia