ရန် ကုန်၊ မတ် ၁၁

အမှုမှာ ၂.၃.၂၀၂၀ ရက်နေ့ ၀၉၁၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းထောင့်နှင့် စိန်ပန်းမြိုင်လမ်းကြား ရှိ အောင်ဇမ္ဗူ(၂)ရွှေဆိုင်သို့ အမည်မသိအမျိုးသားတစ်ဦးက ရွှေဝယ်ရန်ပြောဆိုသဖြင့်

ရွှေဆိုင်ရှိအရောင်းဝန်ထမ်းများမှ တန်ဖိုးငွေ(၁၈၀,၀၀၀)ကျပ်တန်ဖိုးရှိ သံကြိုးပုံ ရွှေဆွဲကြိုး(၁)ကုံးကို ထုတ်ပြစဉ် ၎င်းရွှေဆွဲကြိုးအား လုယူထွက်ပြေးသွားသဖြင့် အော်ဟစ် အကူအညီ တောင်းခံရာ

၎င်းပတ်ဝန်းကျင်တွင် မှုခင်းကျဆင်းရေး လုပ်ငန်းများဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည်

ပြည်သူလူထုများနှင့်အတူ လိုက်လံဖမ်းဆီးရာ နေမင်းသူ(ခ)အောင်ကြီး(ခ)နေကြီး ညောင်ကုန်းရွာ၊ ကျိုက်ထော်မြို့၊ ကော့မှူးမြို့နယ် ကို ရွှေဆွဲကြိုးနှင့် အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ နေမင်းသူ(ခ)အောင်ကြီး(ခ)နေကြီး ကို အမှုဖြင့်စစ်ဆေးရာ ၎င်း၏ချစ်သူမှ ငွေကျပ် သိန်း(၈၀)လိုကြောင်း ပြောဆိုသဖြင့်

ငွေစက္ကူ(၁၀၀၀)ကျပ်တန်(၂)ရွက်ကို တိုင်း၍ ဖြတ်ထားသော စက္ကူအုပ်(၂)ခုပေါ်တင်၍ သားရည်ကွင်းဖြင့်စည်းကာ ရွှေဆွဲကြိုးဝယ်ယူဟန်ပြု၍ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း

စစ်ဆေး ပေါ်ပေါက်သဖြင့် ၎င်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဓါတ်ပုံ – Yangon Police