ပ ရိသတ်ကြီးရေ နန်းဆုရတီစိုးကတော့ ဆယ်စုနှစ်တစ်ခုအကြာကတည်းကအောင်မြင်လာတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းအပြင် အဆိုပိုင်းမှာလည်း ” မေမေဆူလိမ့်မယ် ” သီချင်းနဲ့ ပရိသတ်တွေ အချစ်ခဲ့ရသူလေးပါပဲနော်။

နှစ်အတော်ကြာ အနုပညာအလုပ်ခြေလှမ်းတွေ ကြဲသွားပေမယ့်လည်း ” ရူးအောင်ချစ်ရသူ ” သီချင်းလေးနဲ့ ပရိသတ်ရင်ထဲပြန်လည်နေရာယူနိုင်ခဲ့တဲ့ သူလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ရှမ်းတရုတ်မလေးနန်းဆုရတီစိုးကတော့ အခုဆိုရင် Music Video လေးတွေလည်း ဆက်တိုက်ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။

လတ်တလောသူမရဲ့အချစ်ရေးကတော့ ပြည်သူ့အချစ်တော် အဆိုတော် G-Fatt နဲ့ ချစ်သူသက်တမ်း (၂)နှစ်အကြာမှာ နှစ်ဦးသဘောတူလမ်းခွဲပြတ်စဲပြီးတဲ့နောက်မှာ နန်းဆုတစ်ယောက် ခရီးတွေဆက်တိုက်ထွက်ကာ အနုပညာအလုပ်တွေကို မအားလပ်နိုင်အောင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း သူမကတော့ မော်လမြိုင်ကို အလုပ်ကိစ္စနဲ့ရောက်ရှိနေတာဖြစ်ပြီး ” အချစ်ဘာသာရပ်ကို မတတ်ရင် ကကြီး ခကွေး ကစသင် ” ဆိုတဲ့ စာသားလေးနဲ့ အလှပုံရိပ်လေးကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော နန်းဆုပြောတဲ့ အချစ်ဘာသာရပ်ကို သိတဲ့ သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source: Nannsu Yati Soe,Credit – CeleConnections