COVID-19 ကိုရို နာဗိုင်းရပ်စ်က အာဆီယံမှာ အဆင်းရဲဆုံး မြန်မာ၊ လာအိုနဲ့ အရှေ့တီမောတို့လို နိုင်ငံတွေကို မဝင်တာလား၊ ဝင်တာမသိတာလား မေးစရာဖြစ်လာပါတယ်။ COVID-19 က ရောဂါရှိသူ ၁ ယောက်ကနေ အကြမ်းဖျင်း ၄ ယောက်ကို ကူးနှုန်း Rate ရှိပါတယ်။

မြန်မာဟာ သူများနဲ့မတူတာက လမ်းဘေးမှာဆေးအလွယ်တကူဝယ်ပြီး ကြိတ်ကုလို့ရနေတာပါ။ သေခါနီးမှဆေးရုံရောက်ကြတာမို့ လူ ၁၀၀၀ ဖြစ်ရင် ရိုးရိုးချောင်းဆိုး ပန်းနာရင်ကျပ်ရောဂါထင်ပြီး ကြိတ်ကုကြရင် ၁၁ ယောက်ပဲ သေခါနီးမှ ၉၆ ပါးရောဂါနဲ့ ဆေးရုံရောက်နိုင်ပါတယ်။ အဲ့လိုလည်း ဖြစ်နေတတ်တာမို့ သိဖို့ခက်ပါတယ်။

ကမ္ဘာ့နိုင်ငံစုံမှာ တနိုင်ငံနဲ့တနိုင်ငံ အပြန်ပြန်အလှန်လှန် ကူးစက်မှုအလွန်များပြားနေတာကို တွေ့ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က Epidemic ကူးစက်ရောဂါအဆင့်ကနေ Pandemic ကမ္ဘာလုံးကပ်ရောဂါ အနေနဲ့ ကြေငြာလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ မီးနှစ်ဖက်ကို မနိုင်မနင်းငြိမ်းနေရပါတယ်။ အပြင်မီး – အခြားနိုင်ငံကဝင်လာမယ့် ရောဂါရှိသူကို အသေအချာစစ်ဆေးတားဆီးတာ နဲ့၊ ပြည်တွင်းမီး – ပြည်တွင်းအချင်းချင်း ပြ့နှံ့ကူးစက်နေမှုကို စစ်ဆေးပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရတာ တို့ဖြစ်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံက ပြည်တွင်းမီးမတွေ့သေးရင် တပမ်းသာပါတယ်။ တွေ့မှန်းမသိခဲ့ရင် ပိုဆိုးပါမယ်။ ဥရောပကို အခုချိန် ခရီးလုံးဝမသွားသင့်ပါ။ အမေရိကန်က ဥရောပက ခရီးသည်အဝင်ကို ရက် 30 ပိတ်လိုက်ပါတယ်။ အင်္ဂလန်မပါပါ။ အီတလီမှာ မည်သည့် စီးပွားရေးအလုပ်မှန်သမျှကို အကုန်ရပ်ခိုင်းထားပါတယ်။

Italy closes all commercial activities, cafes, shops, offices. မရှိမဖြစ် ရပ်ကွက်ဈေးဆိုင်နဲ့ transportation, ကျန်းမာရေးအလုပ်ပဲ ဖွင့်ခွင့်ပြုထားပါတယ်။ မနေ့က လူ 2500 နီးနီး အသစ်တွေ့ပြီး အမြင့်ဆုံးတွေ့ရှိမှုပါ။

ဥရောပနိုင်ငံတွေ စက်ရုံအလုပ်ရုံပိတ်ထားချိန် တရုတ်ကအခြေအနေပြန်ကောင်းသွားနိုင်ပါတယ်။ တရုတ်မှာ စက်ရုံတွေပြန်လည်ပတ်နေပါပြီ။

စင်ကာပူမှာ ၁၂ ယောက်တိုးပါတယ်။ ပြင်သစ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စင်ကာပူလေတပ်သား ၃ ယောက်လည်း ပါပါတယ်။ ၈ ယောက်က ပြည်ပက အဝင်ပါ။ ပြည်တွင်း ကူးတာက ညစာစားပွဲအပါအဝင် Case ၄ ခုရှိပါတယ်။

ဘရူနိုင်းမှာ အသစ်တွေ့တာက မလေးရှားမှာ ဗလီတက်ခဲ့သူတွေပါပါတယ်။ မလေးရှားက မြန်မာကိုအဝင်ကို သေချာစစ်ရမယ့်သဘောဖြစ်နေပါတယ်။ လာအိုမှာ မတွေ့သေးပေမယ့် သံသယရှိစောင့်ကြည့်လူနာ ၅၃ ယောက်ရှိပါတယ်။

Laos Task Force ကော်မတီက ရိုးရာပွဲ၊ အားကစားပွဲတွေ အကုန်ရပ်ထားကြပါတဲ့။ မလုပ်မနေလုပ်မယ်ဆိုရင် အပူတိုင်းတာ၊ ချောင်းဆိုးလို ရောဂါလက္ခဏာပြလူနာပါမပါတော့စစ်ဆေးပါတဲ့။

ဗီယက်နမ်မှာ အင်္ဂလန်က ၂ ယောက်နဲ့ စူပါမားကပ်မှာ ထိတွေ့ခဲ့သူ ၂ ယောက်အပါအဝင် ၄ ယောက်ထပ်တွေ့ပါတယ်။ ဖိလစ်ပိုင်မှာ ထပ်တိုးပါတယ်။ ဒူတာတေးက အရေးပေါ်ကြေငြာထားပါတယ်။ အင်္ဂလန်မှာ ဒီနေ့ positive အများဆုံးတွေ့ပါတယ်။ တနေ့ကို ၁၅၀၀ စစ်နေရာကနေ ၈၀၀၀ အထိစစ်နိုင်ဖို့ လုပ်နေပါတယ်။

ကျန်းမာရေးဝန်ကြီးကိုယ်တိုင် positive နေတာမို့ ဝန်ကြီးချုပ်က အလုပ်အားလုံး အိမ်ကပဲ လုပ်ခိုင်းထားပါတယ်။

ဂျာမနီဝန်ကြီးချုပ်က ဂျာမနီလူဦးရေရဲ့ ၇၀% ထိ ဂျာမနီမှာ ကူးနိုင်တယ်လို့ မှန်းပါတယ်။ ဒီပုံစံအတိုင်းဆို အတော့်ကိုမလွယ်ပါ။ ကမ္ဘာ့စီးပွားရေးပျက်ကပ် ဖြစ်ဖို့အလားအလာ အရမ်းကို များနေပါပြီ။ ဒီနှစ်ကုန်အထိ ဒီကပ်ကြီးပြီးပါ့မလား မမှန်းနိုင်ပါ။

ယနေ့အထိ ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၄ နိုင်ငံ မှာ COVID-19 ရောဂါပိုးတွေ့သူ စုစုပေါင်း တစ်သိန်းသုံးသောင်း နီးနီးရှိပါပြီ။

ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ ၁၂၆၁၄၅ ယောက်၊ သေသူ ၄၆၂၇ ယောက်။ ပြန်ကောင်းသူ ၆၈၂၄၀ ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် ၁၁% က အသည်းအသန်ဖြစ်ပါတယ်။ ၁၆% မှ ကျလာတာပါ။ ပိတ်လိုက်တဲ့ case ၇၂၈၆၇ မှာ ၆၈၂၄၀ ပြန်ကောင်းပြီး ၄၆၂၇ ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက ၆% ရှိမြဲပါ။

စတင်ဖြစ်ပွားရာ တရုတ်မှာ တွေ့သူ ၈၀၇၉၆, သေသူ ၃၁၆၉ ယောက်၊ တရုတ်တပြည်လုံးမှာ ၁၈ ယောက်ပဲ ညက အသစ်တွေ့ပါတယ်။

တရုတ်ပြည်ပြင်ပ အဖြစ်အများဆုံး (၃)နိုင်ငံကတော့… အီတလီ တွေ့သူ ၁၂၄၆၂, သေသူ ၈၂၇, မနေ့က ၂၃၁၃ အသစ်တွေ့။ အီရန် တွေ့သူ ၉၀၀၀, သေသူ ၃၅၄, ၁၀၀၀ နီးပါးထပ်တွေ့ပါတယ်။ တောင်ကိုရီးယား တွေ့သူ ၇၇၅၅, သေသူ ၆၀, ၂၄၂ အသစ်တွေ့ပါတယ်။

Richard Myo Thant