အဘက် ဘက်မှ ခေတ်မှီတိုးတက်​ ချမ်းသာကြွယ်ဝသော နိုင်ငံကြီးများ ပင်လျင် မနိုင်မနင်းဖြစ်နေသည့် ကိုရိုနာဗိုင်းရပ်စ်အ​ရေး ​သွေး​အေး မ​နေသင့်တော့တဲ့ မြန်​မြာ ပည်​…

အများပြည်သူ ထိပ်လန့်တုန်လှုပ်အောင်လုပ်တာကို ကျွန်တော်အမုန်းဆုံးပါ.. ဒါပေမယ့် အဲဒီအများပြည်သူအကျိုးအတွက်ဘဲ ယခုပြောရပါတော့မည်.. အမှန်တကယ်တာဝန်ရှိသူတွေကတော့ နိုင်ငံတော်အစိုးရမင်းများပါ.. အထူးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနပေါ့ သူတို့ကမပြောဘူးလားဆိုတော့ပြောတော့ပြောပါတယ်.. ပြောတဲ့ကြေငြာချက်တွေက weight အားပျော့နေတယ်.. ပြောသင့်သလောက်မပြော လုပ်သင့်သလောက်မလုပ်ဘူးထင်လို့ပါ.. စေတနာတွေကိုစော်ကားတယ်ထင်ရင် တောင်းပန်ပါတယ်..

ဒီမနက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ COVID 19 ကိုကပ်ရောဂါ Pandemic အဆင့်အဖြစ်ကြေငြာလိုက်ပါပြီ.. ကမ္ဘာပေါ်မှာနိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိသည့်အနက် နိုင်ငံပေါင်း ၁၁၄ နိုင်ငံကိုပျံ့နှံဖြစ်ပွားနေပါပြီ…

ကမ္ဘာကြီးတခုလုံး ယခုကဲ့သို့အသွင်ဆောင်သည့် ဗိုင်းရပ်ပိုးဖြစ်ပွားပေါ်ပေါက်မှုကူးစက်ပျံနှံမှုမျိုးကို မကြုံတွေ့ဘူးပါသဖြင့် လက်ရှိကာကွယ်ကုသရေးအစီအမံများအတွက်ကြီးမားလှသော စိန်ခေါ်မှုတရပ်ဖြစ်နေပါသည် ဟု WHO အပါအဝင် ကမ္ဘာ့ကျန်းမာရေးအခွဲအစည်းများအစိုးရများမှ ဝန်ခံပြောကြားရသည့် အခြေအနေသို့ရောက်ရှိနေပါပြီ…

ကူးစက်ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ကမ္ဘာတခုလုံးအားကိုးအားထားပြုရာ နာမည်ကျော် CDC တည်ရှိရာ USA (It wll go away we have all the resources and technology) လို့လေလုံးထွားခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်ဒုက္ခရောက်နေကြရပါတယ်.. ယနေ့ အမေရိကန် မှာရောဂါကူးစက်ခံရသူ ၁၂၈၀ ရှိပါသည်.. နယူးယောက် ပြည်နယ်တွင် National Guard တပ်ဖွဲ့များသုံး၍ လူများအပြင်မထွက်နိုင်ရန် ပိတ်ဆို့ကန့်သတ် isloation lock down လုပ်ထားရပါသည်… သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် ရောဂါရှိသည်ဟု သံသယဖြစ်ခံရသူကွန်ဂရက်အမတ်တဦးနှင့် Airforce One အတူစီးမိသဖြင့် ဆေးစစ်ခံရမည့်အခြေဆိုက်နေပါသည် သူကတော့မလိုအပ်ပါဟုငြင်းဆန်နေဆဲပါ…

အီတလီပြည်တပြည်လုံး Country wide isolation lock down ချထားလိုက်ရပါပြီ.. ကူးစက်ပျံပွားပုံလျင်မြန်လွန်းသဖြင့် တရုပ်ပြည်သို့အကူအညီတောင်းခံခဲ့ရာတရုပ်ပြည်မှ အတွေ့အကြုံရှိသူများ နှင့်ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးမှကျွမ်းကျင်သူများပါ အီတလီနိုင်ငံသို့ရောက်ရှိနေကြပါပြီ…

ဗြိတိန်နိုင်ငံကျန်းမာရေးဝန်ကြီးကိုယ်တိုင်ရောဂါကူးစက်ခံနေရပါသည်.. ယမန်နေ့ညက ဂျာမန်ဝန်ကြီးချုပ်ကိုယ်တိုင်က တီဗီ ရှေ့ထွက်လာပြီး ဂျာမဏီနိုင်ငံလူဦးရေ၏ ၇၀%ထိရောဂါကူးစက်ခံရနိုင်ဖွယ်ရှိသည်ဟုပြောကြားသွားပါသည်…

ကိုရီးယားနိုင်ငံသည် COVID 19 စတင်ဖြစ်ပွားရာ တရုပ်ပြည်မှလွဲ၍ ဒုတိယအဆိုးဝါးဆုံးနိုင်ငံအဆင့်သို့ရောက်ရှိနေပါသည်.. ကိုရီးယားလူမျိုးများသည် သန့်ရှင်းသပ်ရပ်မှုကို အလွန်ဦးစားပေးသောယဉ်ကျေးမှုထွန်းကားသည့် လူမျိုးဖြစ်ပါသည်.. တနိုင်ငံလုံးမှ ကိုယ်စားလည်များစုံညီတက်ရောက်ကြသည့် ခရစ်ယာန်ဘုရားကျောင်းဆုတောင်းပွဲသို့ ဝူဟန်မြို့မှပြန်လာသူတဦး တက်ရောက်ခဲ့ရာမှ အစပြုတပြည်လုံးသို့ပျံနှံ့ကူးစက်ခဲ့သည်မှာ ထိန်းသိမ်းမရအခြေသို့ဆိုက်ခဲ့ပါသည်…

ယခုကဲ့သို့ အဘက်ဘက်မှခေတ်မှီတိုးတက်​သောချမ်းသာကြွယ်ဝသည့် နိုင်ငံကြီးများပင်လျင် ဤရောဂါကိုကာကွယ်နှိမ်နင်းရန် မနိုင်ဝန်ထမ်းဘိသကဲ့သို့ ကျိုးစားနေရပါသည်ဆိုသည်ကို ကျွန်တော်တို့ပြည်သူများကို အသိပေးပြောကြားလိုပါသည်…

တချိန်ထဲမှာပင် အစိုးရတာဝန်ရှိပုဂ္ဂိုများကိုလည်းအပြန်ပြန်အလှန်လှန်စဉ်းစားဆင်ခြင်ကြပြီး ရောဂါဖြစ်သူတယောက်တွေ့မှ ဘုရားပွဲပိတ်မယ်တို့ မဟာသက်ြန်ပွဲကတော့ဆင်နွှဲရမှာပေါ့ စသည့် ပေါ့ပေါ့တန်တန်ပြောကြားချက်များကိုရှောင်ရှားကြစေလိုပါသည်…

လူစုလူဝေးပွဲလမ်းများကိုရှောင်ရှားကြစေလိုပါသည်.. ပြောယုံနှင့်မြန်မာလူမျိုးများ မရကြပါ မလိုက်နာကြပါ မလုပ်နဲ့ဆိုလျင်တောင်ခိုးလုပ်တတ်သည့် လူ့သဘာဝတွေကိုမမေ့ပါနဲ့…

နိုင်ငံခြားမှာ ဘောလုံးပွဲတွေကိုပိတ်လိုက်ရပါပြီ.. Italian Series A, EPL လည်းဘယ်လောက်ကြာကြာတောင့်ခံနိုင်မည်လည်း စောင့်ကြည့်ရပါမည်…

အမျှော်အမြင်ကြီးသူများ ဦးဆောင်လေ့ရှိသည့် တရားစခန်းတော်တော်များများက တော့သက်ြန်တရားစခန်းများ ယခုနှစ်မဖွင့်တော့ဟုကြေငြာနေတာတွေ့မြင်ရသဖြင့် စိတ်သက်သာရာရမိပါသည်…

ရောဂါပျံပွားပုံကိုလေ့လာကြည့်လျင် confined space ဟုခေါ်ဆိုသည့် အလုံပိတ်ယာဉ်များ cruise ship, aircraft, train, hotel ceremony စသည်များတွင် ကူးစက်မှုအများဆုံးဖြစ်ပွားပေါ်ပေါက်ခဲ့သည်ကိုလည်း တွေ့မြင်ရပါသည်… ထို့ကြောင့် လူအများစုဝေးခြင်းကိစ္စရပ်များကို ရှောင်ကျဉ်ကြပါ.. လူစုလူဝေးနှင့်တွေ့ဆုံပွဲများဖျက်သိမ်းသင့်ပါပြီ.. stageshow ဟုခေါ်ဆိုသည့်ဖြေဖျော်ရေးပွဲများလည်းတားဆီးဖျက်သိမ်းသင့်ပါပြီ…

သက်ြန်ပွဲကိုလည်း မဏ္ဍပ်များဆောက်လုပ်ခွင့်မပြုတော့ဘဲ.. လမ်းလျှောက်သက်ြန်အဆင့်မျိုးသာ ကျင်းပသင့်သည် ဟုထင်မြင်မိပါသည်… တတိုင်းပြည်လုံးထိခိုက်မည့်အရေးမို့အမုန်းခံပြောရခြင်းဖြစ်ပါသည်

COVID 19 ကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာမည့် စီးပွားရေး လူမှုရေး ကုန်သွယ်ရေး များအကြောင်းဆက်လက်ရေးသားတင်ပြပါဦးမည်…

Hlaing Bwa (LAME)