အ ဆိုတော်ကျော်ထွဋ်ဆွေနဲ့ မော်ဒယ်လ်အဆိုတော် နန်းသူဇာတို့ စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင် စုံတွဲလေးတစ်တွဲလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ မတ်လ(၁၀)ရက်နေ့လေးကတော့ ကျော်ထွဋ်ဆွေရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်း(၉)နှစ်ပြည့်မြောက်တဲ့ နေ့လေးလည်း ဖြစ်ပါတယ်။

နန်းသူဇာကတော့ ဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ကိုကျော်ကြီးရဲ့မွေးနေ့ရက် ရောက်တဲ့ (၁၂)နာရီတိတိမှာ မွေးနေ့ Surprise ပြုလုပ်ခဲ့တဲ့ဗီဒီယိုလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့ ကျော်ထွဋ်ဆွေမသိအောင် ကျော်ထွဋ်ဆွေရဲ့ အိမ်ကလူတွေနဲ့ ပေါင်းပြီး ည(၁၂)နာရီမှာ မွေးနေ့ကိတ်မုန့်၊ မွေးနေ့လက်ဆောင်တို့နဲ့ ကျော်ထွဋ်ဆွေကို မွေးနေ့Suprise လေးပြုလုပ်ပေးခဲ့တာပါ။

ပရိသတ်တွေကတော့ ကျော်ထွဋ်ဆွေကို နန်းသူဇာ Surprise လုပ်တဲ့ ဗီဒီယိုလေးကို ကြည့်ပြီး (Ro)လွန်းတာကြောင့် အချစ်တွေပိုနေခဲ့ပြီး အပျော်တွေကူးစက်ခဲ့တဲ့အကြောင်းကို မှတ်ချက်ပေးပြောဆိုထားကြပါသေးတယ်။Celegabar ပရိသတ်ကြီးရေ ကျော်ထွဋ်ဆွေရဲ့ မွေးနေ့မှာ နန်းသူဇာ Surprise လုပ်ပေးခဲ့တဲ့ ဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Credit-CeleGabar