မြန်မာ အိုင်ဒေါမှာ ဒိုင်နဲ့ ပြိုင်ပွဲဝင်အဖြစ်တွေ့ဆုံခဲ့ကြတဲ့ ဖြူဖြူနဲ့ဘင်ဘင်တို့ရဲ့ ပထမဆုံးသီချင်းလေးကတော့ ချပြလိုက်ပါပြီနော်။ဘင်ဂျမင်ကတော့ မြန်မာအိုင်ဒေါ Season-4 ရဲ့ Top-3 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ရရှိခဲ့သူတစ်ယောက်ပါ။ပြိုင်ပွဲကြီးပြီးဆုံးချိန်မှာလည်း ဖျော်ဖြေပွဲတွေဆက်တိုက်သွားရောက်နေရတဲ့ ဘင်ဂျမင်ကတော့ ပြည်တွင်းဖျော်ဖြေပွဲတွေသာမက ပြည်ပဖျော်ဖြေပွဲအနေနဲ့ လတ်တလောမှာ သြစတေးလျနိုင်ငံကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။သူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲမှာ ရေစက်ဆုံပြီး တွေ့ဆုံခဲ့ရတဲ့ဒိုင်ဖြစ်သူ ဖြူဖြူကျော်သိန်းနဲ့လည်း သီချင်းလေးတစ်ပုဒ်တွဲဖက်သီဆိုထားခဲ့ပါသေးတယ်။

ကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Can’t Help Falling in Love without you သီချင်းလေးကို Cover ပြန်ဆိုထားခဲ့တာလေးကိုတော့ မနေ့ညကတင်ပေးခဲ့ပြီး ပရိသတ်တွေတစ်ခဲနက်အားပေးခဲ့ကြပါတယ်။သူတို့နှစ်ဦးစလုံးကတော့ အသံလုံးကြီးပြီး အသံပါဝါအားကောင်းသူတွေဖြစ်တာကြောင့် ဒီသီချင်းလေးမှာလိုက်ဖက်ညီစွာ သီဆိုထားတာကိုလည်း တွေ့မြင်ရမှာပါ။အရမ်းရိုလွန်းတဲ့ အချစ်သီချင်းလေးကို တစ်ယောက်ကိုတစ်ယောက်ရွှန်းရွှန်းစားစားကြည့်ပြီး သီဆိုနေကြတဲ့ သူတို့နှစ်ဦးရဲ့ဗွီဒီယိုလေးကတော့ နှစ်ဦးစလုံးရဲ့ပရိသတ်တွေအတွက် အသည်းယားစရာဖြစ်နေမှာ အမှန်ပါပဲနော်။

ပရိသတ်တွေရဲ့သည်းသည်းလှုပ်အားပေးခြင်းကို ရရှိထားတဲ့အပြင် ဒိုင်ဖြစ်သူဖြူဖြူနဲ့လည်း တွဲဖက်သီဆိုခွင့်ရခဲ့တဲ့ ဘင်ဘင်ကတော့ ပြိုင်ပွဲဝင်တွေအားလုံးထဲမှာမှ ကံအကောင်းလို့ဆိုရမှာပါနော်။Cover Song ဆိုပေမယ့်လည်း ကိုယ်ပိုင်သီချင်းလို့ထင်ရလောက်အောင် ဈာန်ဝင်စားပြီး သီဆိုထားတဲ့ သူတို့နှစ်ဦးရဲ့ပေါင်းစပ်ဖန်တီးမှုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – PhyuPhyuKyawThein
Rainbow- Cele Gabar