ပ ရိသတ်ကြီးရေ .. ကျရာဇာတ်ရုပ်မရွေး ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့်မင်းသားကြီး နေမျိုးအောင်ကို အားလုံးသိကြမယ်ထင်ပါတယ် ။ အထူးသဖြင့် စစ်ကားတွေမှာလည်း သရုပ်ဆောင်နေတယ်လို့မထင်ရလောက်အောင် ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်လို့ဆိုရမှာပါ ။ လက်ရှိမှာလည်း အနုပညာ လှုပ်ရှားမှုအနေနဲ့ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတာပဲဖြစ်ပါတယ် ။ အခုလက်ရှိမှာ (၂၀၁၉) ခုနှစ်အတွက် ကျင်းပမယ့်အကယ်ဒမီပေးပွဲကြီး ရက်ရွှေ့ခဲ့တာနဲ့ပတ်သတ်ပြီး နေမျိုးအောင်က အခုလိုပြောပြလာခဲ့ပါတယ် ။

လက်ရှိအနေအထားအရ Corona ဗိုင်းရပ်စ် က နိုင်ငံအသီးသီးမှာဖြစ်နေတာဆိုတော့ ကိုယ်နေတဲ့နိုငငံကို ဝင်မလာဘူးလို့ ပြောလို့မရဘူး ပညာပေးတွေကလည်း အများကြီးထုတ်ပြန်ထားတာပြီး လူစုလူဝေးနေရာကိုမသွားဖို့ ၊ Mask အုပ်ဖို့ လည်းအများကြီး ထုတ်ပြန်ထားတဲ့အပြင် ကျန်းမာရေးဝန်ကြီးဌာနကအတိအလင်း ကြေငြာပြီး ရပ်ရွှေ့လိုက်တာ ဖြစ်တယ်လို့နေမျိုးအောင်က ပြောပြလာခဲ့တာဖြစ်ပါတယ် ။ ပြီးခဲ့တဲ့နှစ်ကလည်း နေမျိုးအောင်က နိုင်ငံအကျိုးပြုကားတွေအများကြီးရိုက်ထားတာ ဖြစ်ပြီး တပ်မတော်နေ့အခမ်းအနားပါ နောက်ရွှေ့လိုက်တယ်လို့သိရပါတယ် ။ အဲဒီအကြောင်းအရာတွေထက် ကိုယ့်နိုင်ငံကို အဲ့ဒီဗိုင်းရပ်စ်ဝင်မလာဖို့အရေးကြီးတယ် ဝင်လာတယ်ဆိုရင်သူများနိုင်ငံတောင်တော်တော်ဒုက္ခရောက်နေတာ အကိုတို့နိုင်ငံဆိုခဏလေးပြောင်သွားမယ်”လို့ ပရိသတ်တွေကိုပြောပြခဲ့တာပဲဖြစ်ပါတယ် ။

အကယ်ဒမီကတော့ နှစ်တိုင်းရင်ခုန်နေရတာဖြစ်ပြီး ကိုမှန်းထားသလို ဖြစ်မလာခဲ့တာတွေလည်းရှိလို့ ဒီနှစ်မှာတော့ နိုင်ငံကြီးသားနဲ့ ၊ ဗိုလ်နေတိုး နှစ်ကားပါဝင်ပေမယ့် ကိုယ်ရမယ်ဆိုတဲ့ ခံစားချက်ကြီးတော့ သိပ်မထည့်ထားဘူးလို့ ဆိုပါတယ် ။ အကယ်ဒမီအဖွဲ့ကလည်းသေချာစီစစ်ပြီး ရွေးချယ်မှာဖြစ်တဲ့အတွက် အနုပညာရှင်တစ်ယောက်အနေနဲ့ ဘယ်သူရရ ဝမ်းသာမှာပါလို့ သူ့ရဲ့ခံစားချက်တွေကို ပရိသတ်တွေကိုဖွင့်ဟခဲ့ပါတယ် ။

Source : Exclusive On Cele Gabar
Emily ( Cele Gabar )