နာ မည်ကြီး ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ စင်ရော်မောင်မောင်ကတော့ အကယ်ဒမီဆုများစွာကို ဆွတ်ခူးထားတာကြောင့် အားလုံးကချစ်ခင်လေးစားနေရတာ ဖြစ်ပါတယ်။

စင်ရော်မောင်မောင်အနေနဲ့ တစ်ဦးတည်းသော သားလေးဖြစ်တဲ့ မင်းသန့်မောင်မောင်ကိုလည်း သူ့လိုဒါရိုက်တာကောင်းတစ်ယောက်ဖြစ်စေဖို့ သင်ကြားပြသပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စင်ရော်မောင်မောင်နဲ့ မင်းသန့်မောင်မောင်တို့သားအဖက မေသန်းနုအတွက် ရင်နှင့်အမျှ ခံစားနေရတာ ဖြစ်ပါတယ်။

ငွေကြေးလိ မ်လည်မှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ မေသန်းနုအတွက် စင်ရော်မောင်မောင်တို့သားအဖက တစ်တက်တစ်အားကြိုးပမ်းကူညီပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်လည်း မေသန်းနုက အရှေ့ပိုင်းခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ကြောင်း စင်ရော်မောင်မောင်က တင်ထားတာဖြစ်ပါတယ်။ အခုလည်း စင်ရော်မောင်မောင်က သားဖြစ်သူမင်းသန့်မောင်မောင်အပါအဝင် သူတို့သုံးယောက်လုံးက (၂၀၂၀)ခုနှစ်မှာ ကံကြမ္မာမုန်တိုင်းဒဏ်ကို ခံနေရကြောင်း ရင်ဖွင့်စကားဆိုထားပါတယ်။

စင်ရော်မောင်မောင်က ”ဒီသုံးယောက် 2020 မှာကံကြမ္မာမုန်တိုင်းအပြင်းအထန် အလူးအလိမ့်ခံရတယ်၊ နံပါတ်(1) တိမ်တွေပေါ်ကပန်းရုံတင်ခြင်း၊ နံပါတ်(2)မဆင့်ထောင်ကျခြင်း၊ နံပါတ်(3)ရုပ်ရှင်ဇာတ်ကားကို ဘယ်လောက်စေတနာထား အကုန်ကျခံကာရိုက်ရိုက်၊ မြန်မာပြည်တွင်သတ်မှတ်ထားတဲ့အနုပညာစံနှုန်းတွေ၊ အခုမိသားစု(3)ယောက်ရဲ့ ကံကြမ္မာဟာ ဒီမိုးဒီရေ ဒီကာလကြီးမှာ ချစ်ချင်းမေတ္တာတရားတွေနဲ့အပြည့်ကူညီနေတဲ့ အနုပညာရှင်များရယ်၊ မိတ်ဆွေသင်္ဂဟတွေရယ်၊ ချစ်စွာသောပရိတ်သတ်ကြီးရယ် ရှိနေလိုပေါ့ဗျာ၊ ကျန်တာကတော့ကိုယ်ဖြစ်ရင်ကိုယ်သာခံရပါလိမ့်မယ်၊ ကိုယ်ကံကြမ္မာကိုယ်ရွေးချယ်ရပါလိမ့်မယ်၊

ကိုယ်အနုပညာအလုပ်သာကိုယ်ဇောက်ချလုပ်တာသာအကောင်းဆုံးပါ၊

ဘဝမှာပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ဆုံးဖြတ်ခြင်းဖြစ်တယ်..မိုးလွန်မှထွန်ချတယ်ပြောလဲခံမယ်ပေါ့ဗျာ မောင်စင်ရော်” ဆိုပြီး ပရိသတ်တွေကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်။

Ref-CeleFamily