ပ ရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ရက်ပါအဆိုတော်တစ်ဦးဖြစ်တဲ့ G-fatt ကိုတော့ ပရိသတ်တွေ ရင်းနှီးချစ်ခင်ပြီးသားဖြစ်မယ်ထင်ပါတယ်နော်..။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတွေကို သိမ်းပိုက်ထားတဲ့ G-Fatt ကတော့ University တွေရဲ့ ကျောင်းသင်္ကြန်ပွဲတော်တွေမှာ ဖျော်ဖြေပေးနေပြီး စပရိုက်အစီအစဉ်လေးတွေနဲ့ ကျောင်းသားကျောင်းသူလေးတွေနဲ့ နေ့လည်စာအတူတူစားတဲ့ အစီအစဉ်လေးကို လုပ်ဆောင်နေတာပဲဖြစ်ပါတယ်နော်..။

G-Fattကတော့ အဆက်မပြတ်ပွဲတွေကို ဆက်တိုက်ဆိုကာ ချစ်ရတဲ့ ဖန်ပရိသတ်တွေနဲ့ တွေ့ဆုံနေရတာမို့ ပျော်ရွှင်နေတာပဲဖြစ်ပါတယ်..။ ဒီနေ့ မတ်လ (၁၁)ရက်နေ့မှာတော့ “မနေ့က မော်လမြိုင်မှာ ၂ပွဲ ဆက်တိုက်ဆိုပြီး ညသန်းခေါင်မှ အိမ်ပြန်ရောက်တယ် ဒီနေ့မနက်အစောကြီးထပြီး မန်းလေးပြန်ထွက်လာပါတယ် ဒီနေ့ နေ့လည်မှာတော့ Technological University Manadalay က ကျောင်းသူတစ်ယောက်နဲ့အတူ နေ့လည်စာစားမှာဖြစ်ပါတယ် ပင်ပန်းနေပေမယ့် သူနဲ့တွေ့ရမှာ ရင်ခုန်ပါတယ်..။” ဆိုပြီး မန္တလေးနည်းပညာတက္ကသိုလ်က ကျောင်းသူလေးတစ်ယောက်နဲ့ တွေ့ဆုံရမှာမို့ ရင်တွေလည်း ခုန်နေတဲ့အကြောင်းလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ချစ်ရတဲံ ဖန်ပရိသတ် ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ တွေ့ဆုံကာ အတူတူ နေ့လည်စာစားရတဲ့ အစီအစဉ်လေးကို သူကိုယ်တိုင်က သဘောကျနှစ်သက်တဲ့အကြောင်းလေးကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်လာခဲ့ဖူးပါတယ်နော်..။ပရိသတ်ကြီးထဲမှာရော G-Fatt နဲ့ တွေ့ဆုံကာ နေ့လည်စာ အတူတူ စားခဲ့ဖူးတဲ့ ဖန်ပရိသတ် ကျောင်းသား၊ ကျောင်းသူလေးတွေရှိလား?။ ရှိခဲ့ရင် G-Fatt နဲ့အတူတူ နေ့လည်စာစားခဲ့တဲ့အချိန်က ရယ်မောစရာအဖြစ်အပျက်လေးတွေကိုလည်း အပျော်သဘောလေးနဲ့ ရေးပေးခဲ့ပါဦးနော်..။

Source: G-Fatt’s Facebook,Credit : Cele Connections