ထို င်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ သုဝဏ္ဏဘူမိအပြည်ဆိုင်ရာ လေဆိပ်မှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်း၂ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိထားခဲ့တယ်လို့ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြုပြောကြားလိုက်ပါတယ်။အခုလိုဖြစ်ပွားရတာဟာ ထိုင်းနိုင်ငံကိုလာရောက်သူတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ကိုင်တွယ်ခဲ့ကြတဲ့အတွက်ဖြစ်နိုင်ကြောင်း ထိုင်းကျန်းမာရေးအာဏာပိုင်တစ်ဦးကပြောပါတယ်။နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၅၀ ဦးအထိရှိလာပြီဖြစ်ပြီး အင်ဒိုနီးရှာနိုင်ငံမှာတော့ ဗိုင်ရဗ်စ်ကြောင့် ပထမဆုံးလူသေဆုံးမူဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တရုတ်ပြည်ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေတဲ့ အီတလီနိုင်ငံမှာ မနေ့က ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ 168 ဦး အထိစံချိန်တင်ထပ်တိုးလာခဲ့ပါတယ်။ အခုလိုသေဆုံးသူဆက်တိုက်မြင့်တက်လာတာကြောင့် အီတလီအစိုးရကကိုရိုနာဗိုင်းရပ်စ်အရေး တနိုင်ငံလုံးအနေအထားအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားသလို ဒီရက်ပိုင်း ခရီးသွားတာတွေ၊ လူထူထပ်တဲ့အခမ်းအနားအစရှိတာတွေကို မလုပ်ကြဖို့အတွက် တားမြစ်ထားပါတယ်။

ဒါ့အပြင် အီတလီမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ စုစုပေါင်းဟာလည်း 10,149 ကျော်သွားပြီဖြစ်သလို စုစုပေါင်း သေဆုံးသူဦးရေကလဲ မနေ့က 463 ကနေ 631 အထိရှိလာပြီလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

အခုလို သေဆုံးသူဦးရေ အများအပြားတက်လာတာကိုကြည့်ရင် တရုတ်နိုင်ငံပြီးရင် အီတလီဟာ ဗိုင်းရပ်စ်ကြောင့် အဆိုးဆုံးအခြေအနေရိုက်ခတ်မှုအရှိဆုံးနိုင်ငံအဖြစ် ရင်ဆိုင်နေရတာပါ။
အီတလီမှာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်းဟာလည်း တနင်္ဂနွေနေ့ကထက် 36% ရာခိုင်နှုန်း မြင့်တက်ရောက်ရှိကြောင်း အစိုးရစာရင်းဇယားတွေအရ သိရပါတယ်။

ပိတ်ဆို့ထိန်းချုပ်မှုအစီအစဉ်တွေအရ လူတွေကို နေအိမ်ထဲမှာပဲ ဖြစ်နိုင်သမျှနေဖို့ ညွှန်ကြားထားပြီး စားသောက်ဆိုင်တွေနဲ့ကဖေးဆိုင်တွေ ကို ဖွင့်ခွင့်ပေးမယ်ဆိုပေမဲ့ လူတဦးနဲ့တဦး တမီတာအကွာလောက် ခွာထိုင်ကြဖို့ သတ်မှတ်ထားပါတယ်။

Ref; BangkokPost / Two Bangkok airport workers have Covid-19
Writer_HULK ( XYZ News )
Credit-DailyHotNews