ကျော် ထက်အောင်ကတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ Host လုပ်ရင်းနဲ့ပရိသတ်ရဲ့အသိမှတ်ပြုအားပေးခြင်းကို ရရှိခဲ့သူတစ်ယောက်ပါ။မြင့်မားတဲ့အရပ်၊ခန့်ညားတဲ့သွင်ပြင်နဲ့ အရည်အချင်းရှိတဲ့သူ့ကိုတော့ ရုပ်ရှင်ရိုက်ဖို့ပါ ကမ်းလှမ်းခဲ့ကြပြီးအခုဆိုရင်တော့ ရုံတင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ရိုက်ကူးပြီးတဲ့အပြင် အကယ်ဒမီဆန်ခါတင်စာရင်းဝင်မင်းသားတစ်လက်အနေနဲ့ပါ ရပ်တည်လာနိုင်ခဲ့ပါသေးတယ်။သူကတော့ ဒီနှစ်ပညာသင်နှစ်အတွက်လည်း ပြင်ဦးလွင်မှာရှိတဲ့ စိမ်းလန်းမြေပရဟိတပညာဒါနစာသင်ကျောင်းက ကလေးလေးတစ်ယောက်ကို ထောက်ပံ့ပေးနေတဲ့အပြင် ဒီနေ့မှာလည်း ကလေးတွေအတွက် ဆုတောင်းစကားလေးပြောပေးလိုက်ပါတယ်။

ဒါ့အပြင် သူငါးတန်းကျောင်းတက်တုန်းကပုံလေးနဲ့အတူ ငယ်စဉ်ကျောင်းသားဘဝတုန်းကဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံလေးတွေကိုပါ မျှဝေပေးခဲ့ပါသေးတယ်။ “စာမေးပွဲဆိုတာမကြောက်နဲ့ မင်းတို့ကိုကြီးလည်း ဒီစာမေးပွဲတွေ တိုက်ခဲ့ရတာဘဲ….ဒီပုံလေးက မင်းတို့ ကိုကြီး (၅)တန်းစတတ်ခါစပုံပေါ့ကွာ…ပုဆိုး မဝတ်တတ်သေးတာခုထိပဲ…မင်းတို့ ကိုကြီး ကကျောင်းမှာဆို စာတော့အတော်ဆုံးထဲမပါပေမယ့် ဆရာ/မ တွေသိပ်ချစ်…(Teacher’s pet)အတန်းခေါင်းဆောင် အသင်းခေါင်းဆောင်ပေါ့ စာခေါ်ပေး လူမှတ်ပေး မတ်တပ်ရပ်ခိုင်း ခဲ့တာမင်းတို့ကိုကြီးပေါ့….မင်းတို့ကိုကြီးရဲ့ စာအုပ်ဆို သူများငှါးပြီး ကူးရတယ်၊ စာအုပ်ထိပ်ထောင့်တွေ ခေါက်ရာမရှိ၊ စာအုပ်ကို စာရွက်တွေဖြုတ်တာမကြိုက် မှင်ခြစ်ရာမရှိ မင်းတို့ကိုကြီး စာလုပ်တာ….ပြီးတော့ မင်းတို့ ကိုကြီး (A) ခန်းမှာကြီးပဲ… ကျောင်းပြောင်းလာခါစခဏပဲ တခြားခန်း ခဏနေခဲ့ရတယ်…ကျပန်းစကားပြောပြိုင်ပွဲတွေပြိုင်ခဲ့၊ မြို့နယ်အဆင့် ဒုတိယ ဆေးလိပ်ကင်းစင် စာစီကုံးပြိုင်ပွဲတွေ ရခဲ့နဲ့ပေါ့ မင်းတို့ကိုကြီး…ပထမကျောင်း သုံးတန်းထိ ဒဂုံ(၃)၊ ဆယ်တန်းထိကတော့ ပုဇွန်တောင် (၄) ပေါ့ဗျာ…… ဘယ်ကျောင်းတတ်တတ် စာတတ်ဖို့နဲ့ ရည်မှန်းချက်ပဲ လိုတယ် ကလေးတို့ ….. Fighting!!!!” ဆိုပြီး ရေးသားခဲ့ပါတယ်။

ဒီနေ့မှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို စတင်ကျင်းပနေပြီဖြစ်ပြီး အနုပညာရှင်တော်တော်များများလည်း ကလေးတွေအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။ကျော်ထက်အောင်တစ်ယောက်လည်း သူကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံလေးတွေနဲ့အတူ ကလေးတွေကိုအားပေးစကားပြောခဲ့ကြောင်း မျှဝေပေးလိုက်ပါတယ်နော်။

Source – Kyaw Htet Aung
Rainbow- Cele Gabar