ရွှေ ထူးနဲ့ ရွှေမှုံရတီတို့ နာမည်ကြီး ဆယ်လီစုံတွဲလေးကိုတော့ အရိုနိုင်ဆုံးစုံတွဲလေးအဖြစ်နဲ့ ပရိသတ်ကြီးလည်း ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်..။ နာမည်ကြီးဆယ်လီ အိမ်ထောင်ရှင် စုံတွဲလေးဖြစ်တဲ့ ရွှေနှစ်ရွှေအတွဲလေးကတော့ အမြဲတမ်း ချစ်ဖို့ကောင်းအောင် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တတ်ကြတဲ့ အတွဲလေးလို့ ပြောရင်မှားမယ်မထင်ပါဘူး..။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း လိုက်ဖက်လွန်းလှတဲ့ ရွှေနှစ်ရွှေအတွဲလေးကို ချစ်ခင်နှစ်သက်ကြတဲ့ ပရိသတ်တွေလည်း အများအပြားရှိလို့ နေပါတယ်နော်..။

ရွှေနှစ်ရွှေအတွဲလေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း အတူတူ ရိုက်ကူးမှုလေးတွေ ပြုလုပ်ခဲ့ပြီး သီချင်းတွေကိုလည်း အတူတူ ဆိုကာ အနုပညာရဲ့ ကဏ္ဍတိုင်းမှာ ကျွမ်းကျင်တဲ့ အနုပညာရှင် စုံတွဲလေးလို့ ဆိုရမှာပါနော်..။ ဒီနေ့ မတ်လ (၁၁)ရက်နေ့မှာတော့ ရွှေထူးက သူဝတုတ်နေတဲ့ အကြောင်းလေးကို “သူချက်ကျွေးတာတွေ ထိုင်စားရင်း ဝတုတ်နေခဲ့ပြီ” ဆိုပြီး သူ့ရဲ့ မိုင်ဒေးလေးမှာ တင်လာခဲ့ပါတယ်..။ ရွှေထူးကတော့ မိန်းမိန်းရဲ့ ဟင်းချက်လက်ရာတွေ ကောင်းကြောင်းလေးကို မသိမသာလေး ကြွားလုံးထုတ်လိုက်တာပါပဲနော်..။

ရုပ်လည်းလှသလို ခင်ပွန်းဖြစ်သူအတွက် အရသာရှိတဲ့ ဟင်းလေးတွေကို ချက်ကျွေးတဲ့ ရွှေမှုံလေးကတော့ ဘက်စုံတော်လွန်းပါတယ်နော် ပရိသတ်ကြီးရေ..။တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဂရုစိုက်ရင်း ဘက်စုံတော်လွန်းကြတဲ့ ရွှေနှစ်ရွှေ စုံတွဲလေးကတော့ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ အတွဲလေးလို့ ပြောရမှာပါ..။ ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေအတွဲလေးကို ချစ်ရင် မှတ်ချက်လေး ပေးခဲ့ကြ ပါဦးနော်..။

Credit – Cele Connections