နိုင် ငံကျော် ဟာသလူရွှင်တော်ကြီး ဧရာက အငြိမ့်သဘင်မှာ လူရွှင်တော်တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့သလို ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာလည်း အရေးပါတဲ့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဧရာက သူ့ရဲ့ ဘဝတစ်လျှောက်လုံးကို အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်းသာ ကုန်ဆုံးခဲ့ပြီး ပရိသတ်တွေ ရယ်မောပျော်ရွှင်ရအောင် ကြိုးစားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

လူရွှင်တော်ကြီး ဧရာက အသက်အရွယ်တစ်ခုရောက်လာချိန်မှာတာ့ အရိုးတီဘီရောဂါကို ခံစားနေရပြီး ခြေတွေ၊ လက်တွေ ထုံကျင်တဲ့ ဝေဒနာကို ကုသနေရတာ ဖြစ်ပါတယ်။ နေမကောင်းဖြစ်တာမို့ အနုပညာလုပ်ငန်းတွေမလုပ်ကိုင်ရတော့တဲ့အခါ အိမ်မှာပဲ ဈေးရောင်းရင်း ဆေးဖိုးရှာဖွေနေရရှာတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ လူရွှင်တော်ကြီးဧရာက နေမကောင်းဖြစ်နေတာကြောင့် ဆေးပိုက်တန်းလန်းနဲ့ အိပ်ယာထဲကို လဲနေရတာကို တွေ့ရပါတယ်။ ဧရာက ” ကံတရားကဆေးနဲ့အသက်ဆက်ရတဲ့အရွယ်ရောက်နေပြီ အရာရာငါ သတိထားရတော့မယ်။”ဆိုပြီး ပြောလာပါတယ်။လူရွှင်တော်ကြီးဧရာက သူ့ရဲ့ အခြေအနေကို စိတ်မကောင်းစွာ ပြောထားပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဦးဧရာကို အမြန်ဆုံး နေကောင်းသက်သာလာဖို့ ဆုတောင်းပေးကြပါဦးနော်။

Source: လူရွှင်တော် ဧရာ ,
Credit Cele Connections