ကို ရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး… ကျန်းမာရေးဝန်ကြီးဌာနမှာ… ဘာ plan မှ မရှိဘူး… ဘာဘူး…ညာဘူး…နဲ့ ပြောနေကြတာတွေတွေ့တော့… ရင်ထဲ မကောင်းဘူးရယ်… အထူးသဖြင့်… ကိုယ်တွေ field ထဲက… လူတွေပါ ပြောနေကြတာမြင်ရင်… ပို မကောင်းဘူး…

ဘာလို့ဆို… ကိုယ်တွေလို နယ်စပ်က တရားမဝင်တဲ့ အပေါက်ကလေး စောင့်ခွင့်ရဖို့အတွက်တောင်… ဘယ်လောက်ခက်ခဲပြီး လုပ်ရကိုင်ရခက်တယ် ဆိုတာ… အခု ပြောနေတဲ့သူတွေ ကိုယ်တိုင်မကြုံဖူးသ၍တော့ သိနိုင်မှာ မဟုတ်ပါဘူး… တရားမဝင်တဲ့ အပေါက်မို့… အကယ်၍များ ရောဂါ သံသယ တွေ့ရှိခဲ့သော်… ဘယ်သူ့မှာ တာဝန်ရှိမှာလဲ…ဆိုတဲ့ မေးခွန်းရဲ့နောက်မှာ… တာဝန်ရှိတဲ့သူတွေအားလုံး ရော… လက်နက်ကိုင် အဖွဲ့အစည်းတွေရော အဖြေမပေးနိုင်ခဲ့ပါဘူး…

ဒီတော့… စောင့်ပါ ဆိုတဲ့ အဖြေ ရဲရဲမထွက်ခဲ့သလို… မစောင့်ပါနဲ့ ဆိုတဲ့ တားမြစ်ချက်လဲ မရခဲ့ပါဘူး… အဲတော့… နောက်ဆုံး ဆွေးနွေးပွဲရဲ့ အဖြေက ဘာလဲ ဆိုတော့… ထုံးစံအတိုင်း… မြွေမသေ တုတ်မကျိုးနဲ့… ဘယ်သူ့ ဘယ်သူမှ မထိခိုက်နိုင်တဲ့ နည်းလမ်းအတိုင်း အိရော အိရော ဆိုပါတော့…

ဒီလိုပြောလို့… အကယ်၍များ မပြောကောင်း မဆိုကောင်း… ကိုယ်တွေဆီမှာ ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ဖြစ်ခဲ့သည် ရှိသော်… အစစ အရာရာ အားလုံးဟာ… အခု အစမ်း လေ့ကျင့်နေကြသလိုမျိုး… ဟန်ချက်ညီညီ ထိန်းချုပ်သွားနိုင်မှာလား… ဆိုတဲ့… အဖြေကတော့ ရှင်းပါတယ်… ကိုယ်တွေထက် အစစ အရာရာ… မိုးပြန်အောင်…သာလွန်တဲ့ အီတလီ တောင်… Survillance တွေ ပြန်လန်အောင် လုပ်နေပါလျက်နဲ့… တကယ်တမ်း ရင်ဆိုင်ကြုံတွေ့ရတဲ့ အခါ… မမျှော်မှန်းမိတဲ့ ဆုံးရှုံးမှု ဆိုတာ ရှိနေတုန်းပါ… ဆိုတော့… အများထောက်ပြနေသလို… အစုလိုက် အပြုံလိုက် ဖြစ်ခဲ့သည်ရှိသော် ဆိုတဲ့ မေးခွန်းရဲ့ နောက်မှာ… ရိုးသားစွာ… ဖြေရမယ်ဆိုရင် အဖြေကရှင်းပါတယ်…

ဒီအတိုင်းတောင် ဆေးရုံတွေမှာ လူနာတွေ ပြည့်လျှံနေတာ… ကိုရိုနာဗိုင်းရပ်စ်သာ အကြီးအကျယ်ဖြစ်လို့ကတော့… သေချာပါတယ်… ၆ ရက်နဲ့ ကုတင် ၁၀၀၀ ဆေးရုံကြီး ပေါ်လာစရာ မရှိသလို… ဆောက်နိုင်မယ့် အတတ်ပညာရှင်တွေလဲ ဗမာပြည်မှာ မရှိပါဘူး… Ventilator လဲ လုံလောက်မှာ မဟုတ်သလို… ဒါမျိုးတွေ လုံလောက်အောင် နေ့ချင်း ညချင်း… အပ်ချလောင်း ရောက်စေ… ဆိုပြီး စီမံခန့်ခွဲဖို့ဆိုတာလဲ… ဝန်ကြီးဌာနအတွက် အင်မတန်မှ ခက်ခဲမှာပါ…

ပြီးတော့… သူများနိုင်ငံတွေမှာ ဥပဒေစိုးမိုးမှု ဆိုတာ… အင်မတန်မှ ရှင်းပါတယ်… မလုပ်နဲ့ဆိုတာ လုပ်ရင် တန်းထောင်ချပါတယ်… ကွင်းပိတ်ကန်ဆို ကန်ရပါတယ်… မကန်တော့နဲ့ ပွဲဖျက်ကွာ ဆိုဖျက်ရပါတယ်… ကိုယ်တွေဆီမှာတော့… မလုပ်သင့်ပါဘူးလို့ အကြံပေးရင်… ရိုးရာရွာဓလေ့လေးအရမို့… ဘုရားပွဲလေးတော့ပါမှရမယ်… တို့… ဘုန်းကြီးပျံလေးဆိုတော့… စည်စည်ကားကား ဖြစ်စေချင်တယ်တို့… အထူးဒေသမို့ ဖြူခြင်းမဲခြင်းကို… ကိုယ်တွေ သိခွင့်မရှိပါဘူးတို့နဲ့ဘဲ… ဆိုတော့… မြန်မာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း… အားနာမှု များစွာ… မသိချင်းများစွာ… မတတ်နိုင်မှုများစွာတွေနဲ့…

ပြီးတော့… နာဂစ်ထဲက ကိုယ်တိုင်ခံစားဘူးတဲ့အတွက်… ကိုယ်တွေ လူမျိုးအကြောင်း… ကိုယ်တွေသာ အသိဆုံးပါ… တကယ်သာ… ဝူဟန်မြို့လို ဖြစ်လို့ကတော့… ပထမဆုံးကြောက်ရမှာက… ဗိုင်းရပ်စ်ကို မဟုတ်ပါဘူး… ဗိုင်းရပ်စ်နဲ့ ရောချမယ့်… စီးပွားရေးသမား ငတေတွေရယ်… ခိုးဆိုးဓါးပြတွေဘဲ အရင်ကြောက်ရမှာပါ…

ဒီတော့… မတတ်နိုင်ခြင်းများစွာထဲက… မရှိ ရှိတာလေးနဲ့… မဖြစ် ဖြစ်အောင်… ကြိုးစား လုပ်နေကြတာလေးတွေအတွက်… အပြစ်တွေ ပြောနေမယ့် အစား… မပြိုသော မိုး… အကယ်၍များ… ပြိုခဲ့သည်ရှိသော်… တစ်တပ်တစ်အား… ကမ်းလာမယ့် လက်ဟာ… မိတ်ဆွေ၏ လက်တစ်ဖက်သာ ဖြစ်ပါစေတော့လား…

Thet Khine Min