ပြည် သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီများရှင်မေသန်းနုကတော့ လက်ရှိမှာဆိုရင် အခက်အခဲဒုက္ခအကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ဒါရိုက်တာစင်ရော်မောင်မောင်တို့ သားအဖနှစ်ယောက်ကလည်း သူမအတွက် အစစအရာရာဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း မဆင့်အတွက် အမြန်ဆုံးလွတ်‌မြောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးနေကြတာဖြစ်ပါတယ်နော်။

စင်ရော်မောင်မောင်တို့ သားအဖနှစ်ယောက်ကလည်း အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြသလို မေသန်းနုအတွက်လည်း နည်းလမ်းတွေကို စဉ်းစားပြီး အဘက်ဘက်ကနေစီစဉ်နေကြတာဖြစ်ပါတယ်။စင်ရော်မောင်မောင်ကလည်း တစ်ဦးတည်းသေားသားလေးရဲ့မိခင်ဖြစ်နေတဲ့အတွက်ကြောင့် ရှိသမျှပစ္စည်းတွေကိုလည်း တတ်နိုင်သလောက်ထုခွဲရောင်းချပြီး အကြွေးဆပ်ဖို့အတွက် လုပ်ဆောင်နေတာပါနော်။

လတ်တလောမှာဆိုရင်တော့ စင်ရော်မောင်မောင်တို့က မေသန်းနုအတွက် အယူခံပြန်ဝင်ထားတာဖြစ်ပြီး ဒီနေ့မှာဆိုရင်တော့ အမိန့်ချမှတ်မှာဖြစ်လို့ “ဒီ နေ့ အ ရှေ့ ပိုင်း ခ ရိုင် စီ ရင် ချက် ချ ပါ မည်.. သူ တို့ နှစ် ဦး အ တွက် ကျွန် တော် ဆု မွန် ကောင်း တောင်း နေ ပါ သည်”ဆိုပြီး မေသန်းနုအတွက် ဆုတောင်းပေးနေတာပါနော်။ပရိသတ်ကြီးလည်း အကယ်ဒမီများရှင် မေသန်းနုအတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Credit-CeleFamily