တ ရုတ်နိုင်ငံ အလယ်ပိုင်းက တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ အကြွေး ယွမ် ခြောက်သောင်း (စင်ကာပူဒေါ်လာ ၁၂၀၀၀) ပေးဆပ်ဖို့အတွက် တရားမဝင် မျိုးအောင်စေအောင် လုပ်ပေးတဲ့ အေဂျင်စီတွေဆီ သူ့ရဲ့ မမျိုးဥ ထုတ်ရောင်းဖို့ ဘယ်သို့ဘယ်ပုံ ခွဲစိတ်ပြီး ရောင်းချခဲ့ရပုံကို ထုတ်ဖော်ပြောလာပါတယ်။ဒါဟာဆိုရင် မမျိုးဥတွေ အရောင်းအဝယ် ဖြစ်နေတဲ့ မှောင်ခိုဈေးကွက် တည်ရှိနေပြီဆိုတာကို ဖော်ပြတဲ့ နောက်ဆုံး ဖြစ်စဉ်ဖြစ်ပြီး မမျိုးဥတွေ ခုလို မှောင်ခိုဈေးကွက်မှာ ထုတ်ရောင်းကြတာ အများစုကလည်း တက္ကသိုလ်ကျောင်းသူလေးတွေက အများဆုံး ဖြစ်နေပါတယ်။

တ ရုတ်မှာ ကလေးတစ်ဦး ပေါ်လစီ ဖျက်သိမ်းလိုက်ပြီး နှစ်ဦးအထိ ယူနိုင်ခွင့်ကြောင့် မြုံနေကြတဲ့ လင်မယားစုံတွဲတွေအတွက် မမျိုးဥ အရောင်းအဝယ် မှောင်ခိုဈေးကွက် ဖြစ်လာတော့တာပါ။

Thepaper.cn သတင်းဌာနက ရရှိခဲ့တဲ့ အသံဖိုင်တစ်ခုမှာ အမည်မဖော်လိုကြောင်း မေတ္တာရပ်ခံထားတဲ့ ဟူဘေးပြည်နယ်က ကျောင်းသူတစ်ဦးဟာ သီးခြားလုပ်ငန်းစဉ်နှစ်ရပ်အတွင်း သူ့ရဲ့ မမျိုးဥ ၂၉ ဥကို ထုတ်ရောင်းခဲ့ရပုံတွေကို အသေးစိတ် ပြောပြာထားပါတယ်။

ဒီလို ထုတ်ရောင်းတဲ့ နှစ်ကြိမ်စလုံးမှာ သူ့ကို သားမျိုးဥအိမ်ကို နှိုးဆွမှုပေးတဲ့ ဆေးဝါးတွေ ဆယ်ရက်ကြာ ပေးပြီးနောက်မှာ သူ့ရဲ့ မမျိုးဥတွေကို မေ့ဆေးထုံဆေး မပေးဘဲ ထုတ်ယူခံရတာ ဖြစ်တယ်လို့ အဲဒီ တက္ကသိုလ်ကျောင်းသူက ပြောပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် အမျိုးသမီးတစ်ဦးဟာ တစ်လမှာ မမျိုးဥ တစ်ဥသာ ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ မျိုးဥဖြစ်ထွန်းစေတဲ့ ဆေးဝါးတွေဟာ စိတ်ခံစားချက် ပြောင်းလဲတာ၊ မူးဝေအော့အန်တာနဲ့ သားပျက်သားလျှော ဖြစ်စေနိုင်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ အများအပြား ဖြစ်စေနိုင်ပါတယ်။

တရုတ်မှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ မမျိုးဥတွေကို တရားမဝင် ထုတ်ရောင်းနေကြပေမယ့် တရားဝင်အားဖြင့် သုံးကြိမ်တိုင် လှူဒါန်းခွင့်ကို ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ဝန်ထမ်းတွေကို မမျိုးဥ ထုတ်လုပ်ခြင်း လုပ်ငန်းတွေကို တားမြစ်ထားတာ ဖြစ်ပေမယ့် ပြည်မကြီးမှာက ခုလို မမျိုးဥ အရောင်းအဝယ် လုပ်ငန်းဟာ ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားလို့ လာနေပါတော့တယ်။

Writer_မောင်သံဆင့် ( XYZ News )
Credit-DailyHotNews