သူများနဲ့ မတူပဲ အက်ရှင်ဇာတ်ကားတွေပဲ ဆက်တိုက်ရိုက်နေပြီး ပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ အဆိုတော် ဒါရိုက်တာ သရုပ်ဆောင် ယုန်လေးကိုတော့ တော်တော်များများ သိကြမယ် ထင်ပါတယ်။

ယုန်လေးကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အနုပညာ လောကကို အဆိုတော် တယောက် အနေနဲ့ ဝင်ရောက်လာသော်လည်း လက်ရှိမှာတော့ အောင်မြင်တဲ့ ဒါရိုက်တာ သရုပ်ဆောင် တယောက် ဖြစ်နေပါပြီ။

လက်ရှိမှာလည်း ယုန်လေးကတော့ နောက်ထပ် ဇာတ်ကားအတွက် မြန်မာ ပရိသတ်တွေ အားပေးမှု အပြည့်ရထားတဲ့ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ တယောက်ဖြစ်တဲ့ ဒေဗ့် နဲ့ အတူတွဲ Under ground ဆိုတဲ့ အက်ရှင် ဇာတ်ကားကို တူတူတွဲရိုက်နေပြီး ပရိသတ်တွေ စောင့်ရကျိုးနပ်အောင် ကြိုးစားရိုက်ကူးနေတာ ဖြစ်ပါတယ်။ယုန်လေးကတော့ ဒီဇာတ်ကားလေးထဲမှာ အကောင်းဆုံး ကြိုးစားအားထုတ်ထားပြီး သူ့အနေနဲ့ အားရကျေနပ်မှု အရမ်းရှိတယ်လို့လည်း သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ပင်ပန်းပေမယ့်လည်း အားလုံးက ကြိုးစားထားတာကြောင့် ဇာတ်ကားကောင်း တကောင်းဖြစ်လာမယ်လို့ ထင်ပါတယ်။ယုန်လေးကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာတော့ ” မတွေ့တာကြာပြီ ဖြစ်တဲ့ ကို ညီညီမင်းထက် Dave အားမထည့်ပဲ ဒူး နဲ့ လွှဲတာ တားလိုက်တာ ကွဲသွားတယ်။ဒါတောင် ကိုညီတို့က ငမာတွေ လူကြမ်းတွေ လည်း အော်နေပြီ တကယ်တွေထိလို့ ဒါပေမယ့် ကျေနပ်ပါတယ်။

အကောင်းဆုံး အကုန် အားစိုက်ကျတယ်။ ထိခိုက် နာကျင်သွားလည်း ခဏနား ပြန်ဆွဲတာ။ U N D E R G R O U N D ရုပ်ရှင်ကို အရမ်းအားရကျေနပ်မိ ပါဝင်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို လည်းအထူးကျေးဇူးပါ” ဆိုတဲ့ စာသားလေးကို တင်ထားတာ ဖြစ်ပါတယ်။

အက်ရှင်ကားတွေ အမြဲရိုက်ကူးနေတဲ့ ယုန်လေးကတော့ ဒီဇာတ်ကားမှာ အရမ်းအားရတယ်လို့ ပြောသွားတာကြောင့် ဇာတ်ကားကောင်း တကားဖြစ်ပြီး ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း အားပေးကြမှာလား။