တ ချိန်က Miss Christmas 1997အလှမယ်‌ အဖြစ် နာမည်ကြီးကျော်ကြားခဲ့တဲ့ သရုပ်ဆောင် ယမင်းကိုကိုတစ်ယောက် နိုင်ငံတော်က ပေးအပ်တဲ့ သုဓမ္မသိင်္ဂီဘွဲ့ ကိုဒုတိယအကြိမ် ရရှိခဲ့ပါတယ်။ သူမဟာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရက ၂၀၁၈ခုနှစ် အတွင်းက သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အဖြစ် ပေးအပ်ချီးမြှင့်ခြင်း ခံရသလို ယခု၂၀၂ဝပြည့်နှစ်မှာလဲ ထပ်မံချီးမြှင့်ခြင်း ခံခဲ့ရတာပါ။

သူဟာ တစ်ချိန်က ကိုယ်လုံးလှလှလေးနဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ယမင်းကိုကိုက အနုပညာလောကမှာ အထိုက်အလျှောက်အောင်မြင်မှုတစ်ခုကို ရရှိခဲ့သူပါ။ သူမဟာ ဆယ်စုနှစ် တစ်စုစာ ပျောက်သွားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ နိုင်ငံတော်ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ရရှိမှသာ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ယမင်းကိုကို ဟာ သုဓမ္မမဏိဇောတဓရဘွဲ့ရ ဦးသက်ဆွေ နဲ့ အိမ်ထောင် ကျပြီးနောက် အနုပညာလောကနဲ့ ဝေးကွာသွားတာလဲဖြစ်ပါတယ်။ သူက စီးပွားရေးလောကထဲကို ဝင်ရောက်အလုပ်လုပ်ကိုင်နေပြီး T & Y Foundation ကိုတည်ထောင်ကာ ပရဟိတလုပ်ငန်းတွေများစွာ လုပ်ဆောင်ခဲ့သူလဲဖြစ်ပါတယ်။

သူရဲ့ ပြောင်းလဲဖွံ့ဖြိုးသွားတဲ့ ကိုယ်ဟန်အနေအထားကြောင့် ပရိသတ်တွေကချက်ခြင်းတွေ့ရင်မမှတ်မိနိုင်ပေမယ့် ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုတော့ အားလုံးကမှတ်မိနေကြဆဲပါ။ ချစ်တဲ့ ပရိသတ်ကြီးအနေနဲ့ နိုင်ငံတော်ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ၂ကြိမ်တောင် ရရှိခဲ့တာဖြစ်လို့ ချီးကျူးစကားပြောခဲ့ကြပါအုံးနော်။

May(cctv) ,Source – ya min koko’sfb