မြန် မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိနေပြီဖြစ်တဲ့ Season-4 ကဂီတမောင်နှမတွေကတော့ ပြိုင်ပွဲမှာ ဘယ်လောက်ပဲစိတ်ပင်ပန်းခံပြီး ကြိုးစားခဲ့၊အဝေဖန်ခံခဲ့ရပေမယ့်လည်း အခုဆိုရင်တော့ ကိုယ်ပိုင်ဂီတခရီးလမ်းကို ကိုယ်စီလျှောက်လှမ်းနေကြပြီလည်း ဖြစ်ပါတယ်။ပြိုင်ပွဲမှာ ကန့်ဝင်စဉ်ကတည်းက မောင်နှမအရင်းတွေလို ချစ်ခဲ့ကြတဲ့သူတို့ကတော့ အလုပ်တွေမအားလပ်တဲ့ကြားက မကြာခဏဆိုသလိုတွေ့ဆုံကြပြီး ပျော်ရွှင်စရာအချိန်လေးတွေ ဖန်တီးနေကြသူတွေပါ။

ဒီတစ်ခေါက်မှာလည်း နော်စေးစေးထူး၊ထက်အဉ္ဇလီ၊ခြူးစစ်ဟန်၊တန်ခွန်ကျော်နဲ့ ယောကီးတို့ကတော့ KTV မှာတွေ့ဆုံကာ ပျော်စရာအချိန်လေးတွေကို ဖန်တီးခဲ့ကြပါတယ်။မောင်နှမတွေအလွမ်းသယ်ရင်း သီချင်းတွေဆိုကြရင်းနဲ့ပဲ ကြုံတောင့်ကြုံခဲတွေ့ဆုံမှုလေးတွေကို ပျော်စရာဖြစ်အောင်လုပ်ခဲ့ကြပါတယ်။နီနီခင်ဇော်ရဲ့ ဂယ်ပဲ ဂယ်ပဲသီချင်းလေးကို မိန်းကလေးတွေက သီဆိုကြရင်း ယောကျာ်းလေးတွေဖြစ်တဲ့တန်ခွန်ကျော်နဲ့ယောကီးတို့က အမှန်အကန်ပွင့်ခဲ့ကြတဲ့ ဗွီဒီယိုဖိုင်လေးကို မျှဝေခဲ့တဲ့အချိန်မှာတော့ ပရိသတ်တွေပွဲကျခဲ့ရတာလည်း ဖြစ်ပါတယ်။ဒီသီချင်းလေးကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားဆုံးသီချင်းလေးဖြစ်ပြီး ယနေ့ခေတ်မှာ တွေ့မြင်လာရတဲ့ ယောက်ျားလေးတွေရဲ့ ပုံစံကိုပျော်စရာအနေနဲ့သီဆိုထားတဲ့သီချင်းလေးလည်း ဖြစ်ပါတယ်။

တန်ခွန်ကျော်နဲ့ ယောကီးတို့ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲရဲ့ ဆန်ခါတင်ပြိုင်ပွဲဝင်တွေပီပီ သီချင်းအပေါ်မှာ ခံစားသက်ဝင်မှုအားကောင်းသွားသလား မပြောတတ်ပါဘူးနော်။သီချင်းနဲ့လိုက်လျောညီထွေဖြစ်အောင် ပွင့်ခဲ့ကြတဲ့ သူတို့ရဲ့ဗွီဒီယိုလေးကတော့ လူမှုကွန်ရက်မှာကြည့်ရှုသူများပြားနေတာကြောင့် ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – We Love Tan Khun Kyaw
Rainbow- Cele Gabar