သ မီးကတော့ဝတ်တောင်မဝတ်ရဲတော့ဘူးတဲ့ 😔ကြောက်စရာ မို့ ခေးမေမေတွေ သတိထားပါနော်

ဖု န်းBetteryပေါက်ကွဲပြီး မီးလောင်တယ် ဆိုတာ သူများနိုင်ငံက တင်တဲ့ CCtVတွေထဲပဲ မြင်ဖူးတာ အခု ကိုယ့်အိမ်မှာ လောင်တော့ လူမသိရင် တအိမ်လုံးပြောင်ပြီး ရုံးရောက်ဂါတ်ရောက် ဖြစ်နေလောက်ပြီ

ကိုယ်တွေ သားအမိ ကံကောင်း လို့ သမီး ပါတ်နေကြ GPS နာရီလေး စနေ တနင်္ဂနွေ ၂ရက်ပဲ တပ်လို့ ဧည့်ခန်းကအံ့ဆွဲထဲထညိ့ထားတာ။ ပေါက်ကွဲပီး မီးလောင်နေတာ ၅မိနစ်ကျော်။

ကိုယ်တွေ သားအမိက အိပ်ယာခန်းထဲ air-con ဖွင့်ပီး game ဆော့နေတာမသိလိုက်ဘူး အပြင်မှာ တအိမ်လုံး မီးခိုးတွေ ပိတ်နေပီ ယောကျာ်းက ဆိုင်က စောစောပြန်ရောက်လာတာ နှစ်ယောက်သား ရေပုံးပြေး ယူလောင်း ကြရတယ် သမီး တပ်ထားတုန်း ပေါက်ကွဲရင်လည်း မတွေးဝံ့ စရာ။

ကလေးမိဘတွေ သတိထားကြပါလို့။ အားသွင်းတုန်း ပေါက်တာလည်း မဟုတ်ပဲ ဒီအတတိုင်း အံ့ဆွဲထဲထည့်ထားတာကို ပေါက်ကွဲပီး လောင်တာပါ edit (၁၅မိနစ်လောက် လောင် တာ ဖြစ်နိုင်တယ် အိပ်ခန်းထဲ ဝင်တာ ကိုးနာရီ ၂မိနစ်။ ယောကျာ်းပြန်လာတာ ၉နာရီ၂၀မိနစ် လောက်)

From Kyal Taryar’s FB