ရုပ် ရည်ကြောင့် ကြွေနေသူတွေပေါများလွန်းနေတာလား ?ခါချနေရတဲ့သူတွေနဲ့ ရည်းစား မထားချင်သေးတဲ့ သူတွေအတွက် နည်းလမ်းကောင်းတွေကို ပြောပြပေးမယ်

အပြင်ထွက်တဲ့အခါ ခေါင်းငုံ့ထားပါ…

တဖက်က ကိုယ့်ရုပ်ရည်မြင်ပြီး အရူးအမူးဖြစ်သွားတဲ့အခါ အားနာစရာကောင်းပါတယ်။ကိုယ့်နောက် တကောက်ကောက်လိုက် ရည်းစားစကားပြောလာတာတွေ ဖြစ်လာနိုင်ပါတယ်။တတ်နိုင်သမျှ ခေါင်းငုံ့ပြီး မျက်လွှာလေးချပြီး နေပါ…

Feel ပါ…

တစ်ရက်ကို status အခု ၁၀၀လောက် တင်ပြီး feel ပါ။ ရည်းစားဟောင်းတွေကို feel ပါ။ ဝတ္ထုထဲက ဇာတ်ကောင်တွေကို feelပါ…ရုပ်ရှင်မင်းသား
မင်းသမီးတွေကို တွေးပြီး feelပါ… ကိုယ်ဘာသာ ဘယ်သူ့feelနေမှန်း မသိလောက်အောင်အထိ feelပါ။

Facebook မှာ ပုံတွေ အရမ်းမတင်ပါနဲ့…

ကိုယ်ချောကြောင်းသိသွားရင် စကားတွေလာပြော ကြပါလိမ့်မယ်။ သူငယ်ချင်းတွေကိုပါ ကိုယ်ပါတဲ့ပုံတွေ သိပ်မတင်ဖို့ အကူအညီတောင်းပါ။

ရူးချင်ယောင်ဆောင်ပါ…

သူ့ဘက်က စကားပြောဖို့ ကြံလာပြီဆိုရင် သူပြောသမျှကို ဘာဆိုဘာမှ နားမလည်တဲ့ပုံဖမ်းပါ။ သူ့ပြောမယ့်စကားကို အပြောမခံပါနဲ့ ။ငှက်တွေက ဘာလို့ပျံနေတာလဲ မြက်တွေက ဘာလို့ စိမ်းနေတာလဲ ဆိုပြီး ရူးချင်ယောင်ဆောင် စကားလမ်းလွှဲပါ။သာမန် အပြင်မသွားဖူးလား ဆိုတဲ့မေးခွန်းမျိုးကိုတောင် ဟင့်အင်း မသိဘူးလို့ဖြေပါ…

အသံပြဲကြီးနဲ့ရီပါ…

သူတို့နဲ့ရှိနေချိန် ထထရီပါ…ရီစရာမတွေ့ရင် ကိုယ့်ဘာသာ ကလိထိုးရယ်ပါ။ ရီတိုင်း မြန်မာတစ်နိုင်ငံလုံးနီးပါး ကြားရလောက်တဲ့ အသံနဲ့ရီပါ…

ရည်းစား မရချင်သူတွေ အားလုံးရည်းစားရခြင်းကင်းဝေးကြပါစေ။

crd…