ဒေါက် တာအရှင်နန္ဒမာလာဘိဝံသ သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမေက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်ပါတယ်…..

အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓသာသနာပြုတက္ကသိုလ် (စစ်ကိုင်းမြို့) တို့၏ ပါမောက္ခချုပ် ဆရာတော် ဖြစ်ပါတယ်…

ဒါ့အပြင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် လည်းဖြစ်ပါတယ်….

အရှင်မြတ်သည် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါတယ်…

အခုဆရာတော်ဘုရားကြီးကို မမချိုဆိုတဲ့ အလှူရှင်တစ်ဦးက ကားတစ်စီးလှူဒါန်းခဲ့ပါတယ်…ဒီအကြောင်းကို လူမှုကွန်ရက်မှာ ခုလိုဖော်ပြထားတာပါ…

“ပါချုပ်ဆရာတော်ဘုရားကြီး ကားအလှူရှင်က တစ်ခြားလူမဟုတ်ဘဲ ချစ်စရာကောင်းလွန်းတဲ့မမချိုဖြစ်နေခဲ့တယ်..

အရမ်းအေးချမ်းပြီး..အရမ်းကိုချစ်စရာကောင်းတဲ့..လေးစားအားကျရတဲ့ အမျိုးသမီးတစ်ဦးပါ..ချစ်လို့မျှဝေပါ၏..” ဆိုပြီး ဖော်ပြထားတာပါ…

ဒါကြောင့် ပရိသတ်ကြီးတို့လည်း သာဓုခေါ်နိုင်အောင် ဓာတ်ပုံလေးတွေပါ ပြန်လည်မျှဝေလိုက်ပါတယ်နော်…

Writer ; Kwee (Jeeptoolay)

Source ; Khin Khin Win