ဘာကြောင့် ကြောက် ရ မလဲ.. ဒီမနက် မှာ… အီတလီက….တစ်နိုင်ငံလုံး Lock down လုပ်ချလိုက်ပါပြီ အနီးစပ်ဆုံး…အိန္ဒိယ က.. မြန်မာ နယ်စပ် ကို ဆွဲပိတ်လိုက်တဲ့.. သတင်းတွေလည်း တက်လာနေပါတယ်… ကျနော်တို့ကတော့…သက်ြန်ပွဲ ကျင်းပဖို့ တာဆူ နေတုန်းပါပဲ….

ဒီနေရာမှာ…. လူငယ်တွေကို အပြစ်တင်တာထက်… ကျနော်တို့ ဘာလို့ ကြောက်ရမလဲ ဆိုတာလေး……နည်းနည်းလောက်ရှင်းပြ ရင်… ပိုအဆင်ပြေ မယ်ထင်ပါတယ်… ကျနော်လည်း နိုင်သလောက် ရှင်းနေပါတယ်.. ဒီမှာ သာမာန်လူတွေ နားလည်အောင် နည်းနည်း ထပ်ပြောပြပါ့မယ်…. ကျနော်တို့ ကြောက်ပါတယ်… ကြောက်ရပါမယ်… ဘာလို့ဆို… ကျနော်တို့ ဟာ… ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသားတွေ ဖြစ်နေလို့ပါ…

ထပ်​ပြောပါ့မယ်… Covid 19 ဖြစ်လာရင်…. Quarantine လို့ ခေါ်တဲ့… သပ်သပ်ခွဲထားရပါတယ်… ၁၄ ရက်ပါ…. အသာတကြည် လိုက်နာမယ် ထင်ပါသလား… တစ်ရက်လုပ်မှ တစ်ရက်စား… သူ့ လစာ…စားနေရတဲ့… မိသားစုကို ပစ်ပြီး ၁၄ ရက်တိတိ လာနေမယ်… မထင်ပါ…. တရားဥပဒေ အရ လုပ်လို့ ကော… အဆင်ပြေ မယ် ထင်ပါသလား… ကျနော်တို့ တိုင်းပြည်မှာ…တရားဥပ​ဒေနဲ့ ပတ်သက်ရင်….မူဝါဒ ချမှတ်သူနဲ့..ဖော်ဆောင်သူတွေ က တစ်သားတည်း ဖြစ်နေပြီလား… ပြန်ကြည့်ကြ ပါဦး…

အိုကေ…အဲ့တော့….ဖြစ်နေသူ က… Quarantine အလုပ်မခံဘူး…. ဘာလုပ်မလဲ…. သို့မဟုတ်… တိတ်တိတ်လေးနေမယ်… သေမှာထက်…အဲ့ 14 ရက် ကို ပိုကြောက်ပါတယ်….. ဘာလုပ်မလဲ…. ပြီးတော့ Resources တွေ… ဆရာဝန် တွေ ဆေးရုံ မှာ… ထိုင်နေကြတာ တွေ့ဘူးလား… ပိုလျှံနေတာမျိုးပေါ့… မရှိဘူး…. အဲ့တာဆို..အဲ့အင်အားနည်းတဲ့.. ဆရာဝန်တွေ ထဲက ခွဲထုတ်ပြီး…. လုပ်ဖို့…. လုပ်တော့ လုပ်ရမှာပေမယ့်.. တော်တော်လေး ရုန်းကန်ရပါမယ်..

ပြီးတော့ နေရာတွေ…. ပြီးတော့ စက်ပစ္စည်း… အဲ့လူ​နာတွေ အသက်ရှူ ကြပ်လာရင်… တပ်ရမယ့် အသက်ရှူစက်… ရန်ကုန်မှာ…. အစိုးရ ဆေးရုံ….မှာ.. အဲ့လို စက်တွေ… ဘယ် နှစ်လုံး တွေ့ ဖူးလဲ…. ရေတွက်ကြည့်ကြ ပါဦး…. လူနာ နဲ့ မျှ ပါ့မလား…. ပြီးတော့…ပြည်သူတွေရဲ့.. response.. ကျနော်မြင်သာအောင် ပြောပါ့မယ်… နာဂစ်မှာ..ပြည်သူတွေ response ဘယ်လို ရှိလဲ.. နာဂစ်က ဝေးရင်….ထားလိုက်ပါဦး.. ​ပြည်သူတွေ ကောလဟာလ ကို ဘယ်လို တုန့်ပြန်လဲ… ခုနေ….ပိုးတွေ့တယ် ဆိုရင်… ဝုန်းဆို…ဈေးထဲပြေး ပြီး… ဆန်ဝယ် ဘာညာ ပြေးလုပ်ကြမှာ… ကုန်ဈေးနှုန်းက တက်လိုက်လာမှာ… ငတ်ရင်..လုမယ့်လူတွေကလဲ… ရှိနေမှာပဲ…မငတ်တုန်းတောင်.. လုနေကြတာ….

ပြီးတော့…. ကုလို့ မရ…သွားလို့ မရတဲ့ နေရာတွေ… စစ်ဖြစ်နေတဲ့..နေရာတွေ… စစ်ဘေးရှောင် စခန်းတွေ… ​ ထောင် မှာ ဖြစ်ရင်… ထောင်ခါမှာလား… ထောင်ခါရင်…ပြည်သူက လက်ခံမှာလား.. လက်ခံတယ်ထားဦး…. သွေးထိုး လှုံ့ ဆော်မယ့် သူတွေနဲ့… နိုင်ငံရေး….ပြသနာ​တွေ… ကိုင်တွယ်ရ ခက်လာမယ့်…wave တွေ… နောက်ဆုံး ဘာမှ လုပ်လို့ မရ ရင်… ကျန်းမာရေး ဝန်ထမ်းကို ပြသနာ ရှာမယ့်သူတွေ…. ထိုင်ဆဲ လို့…ရန်ရှာလို့…. မလုပ်တော့ပဲ..ထွက်သွားမယ့်….သူတွေ…

ခများတို့ စဉ်း​စားနော်…. ဖြစ်လာရင် သေတတ်တယ်… သေတာက အခြား တိုင်းပြည်မှာဆို.. အေးဆေး သေလို့ ရတယ်… ဒီမှာက ကလနာ တိုက်ပြီးမှသေမှာပါ…. အကျိုး အကြောင်းနဲ့ ရှင်းပြထားတယ်.. ကြောက်ဖို့ လိုပါတယ်…

မောင်စီ

(ပုံ က သာမာန် လူပိန်းတစ်ယောက် ရေးထားတာ.မဟုတ်ပါ…။ အဆင့်မြင့် တကသကြီး..တစ်ခုက ကျောင်းသူတွေ ရေးထားတာ….)