အ ထီးကျန် မြောက်ကိုရီးယားနိုင်ငံမှာ လူသေစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစ်ဖြစ်ပွားနေပြီး စစ်သား ၂၀၀ နီးပါး သေဆုံးတယ်လို့ သတင်းတွေက ဆိုပါတယ်။

အိမ်နီးချင်း တရုတ်မှာ ဒီဇင်ဘာနှောင်းပိုင်းကစလို့ ကိုရိုနာ ကူးစက်ဖြစ်ပွားချိန်ကစကာ အထီးကျန် မြောက်ကိုရီးယားမှာ ကိုရိုနာဖြစ်ပွားမှု တစ်စုံတစ်ရာမှ မရှိသေးဘူးလို့ ဆိုထားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားက ကူးစက်ဖြစ်ပွားသူပေါင်း ၇၀၀၀ ကျော်ရှိပြီး ကမ္ဘာမှာ ဒုတိယအများဆုံး ကူးစက်ဖြစ်ပွားတယ်လို့ အတည်ပြုခဲ့သလောက် ကပ်ရောဂါဘေးအဖြစ် စိုးရိမ်မှုတွေ ကြီးထွားလျက် ရှိနေပါတယ်။

ခုချိန်ခါမှာတော့ မြောက်ကိုရီးယားက သတင်းရင်းမြစ်တစ်ရပ်ဟာ Covid-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် စစ်သား ၁၈၀ သေဆုံးပြီး ၃၇၀၀ ကျော် ရောဂါခြေချုပ်နဲ့ နေနေရတယ်လို့ Daily NK သတင်းဌာနကို ပြောပါတယ်။

စစ်ဆေးအမှုထမ်းတွေက စစ်တပ်အကြီးအကဲတွေထံ ပေးပို့တဲ့ မှတ်တမ်းမှာ သေဆုံးနှုန်းကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ထိတ်လန့်စရာအဖြစ် ယင်း သတင်းရင်းမြစ်က ပြောရာမှာ မြောက်ကိုရီးယား စစ်တပ်အနေနဲ့ သေဆုံးသူတွေကို မီးသင်္ဂြိုဟ်ဖို့အတွက် အလောင်းတွေက များလွန်းတာကြောင့် တော်တော်လေး ရုန်းကန်နေရတယ်လို့ အတည်ပြုပြောပါတယ်။

“စစ်ဆေးရုံမှာ အလောင်းတွေ မီးရှို့တာ ကျွန်တော် မကြားဘူး။”လို့ ယင်းသတင်းရင်းမြစ်က ပြောပါတယ်။

“စစ်တပ်ခေါင်းဆောင်တွေဟာ ဆေးရုံတွေကို သေဆုံးသူတွေကို ချက်ချင်းသင်္ဂြိုဟ်ဖို့ အမိန့်ပေးထားတာ ဖြစ်နိုင်ပြီး ဒါဟာ ဆေးဝန်ထမ်းတွေအတွက်တော့ ခေါင်းခဲစရာ ဖြစ်နေလိမ့်မယ်။”လို့ ယင်း သတင်းရင်းမြစ်က ပြောပါတယ်။

ခု သတင်းထွက်ပေါ်လာတာဟာ မြောက်ကိုရီးယား နိုင်ငံတွင်းက သံတမန်တွေ ထွက်ပြေးလာပြီး ရုရှဆီ ဒီကနေ့ ရောက်ရှိချိန်မှာပဲ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

သံတမန်အများစုဟာ ကလေးတွေပါ လိုက်ပါလျက် mask တွေ ဝတ်ဆင်လျက် ပြုံယမ်းလေဆိပ်မှာ ရှိနေတာကို ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရုရှနိုင်ငံသား ၁၃ ဦးအပါအဝင် နိုင်ငံခြားသား ၆၀ ခန့် ဗလာဒီဗိုစတော့မြို့ဆီ ရောက်လာကြောင်း ရုရှနိုင်ငံပိုင် Tass သတင်းဌာနက ဖော်ပြပါတယ်။

မတ် ၂ ရက်က ပြုံယမ်းအခြေစိုက် နိုင်ငံခြား သံတမန်တွေကို လရှည် ရောဂါခြေချုပ် ထားထားတာကို မြောက်ကိုရီးယားက ရုပ်သိမ်းလိုက်ပြီး လိုအပ်ရင် နိုင်ငံကနေ ထွက်ခွာသွားခွင့် ပြုလိုက်ပါတယ်။

Rf; Metro / Coronavirus ‘kills 180 soldiers’ in North Korea as diplomats flee country
Writer_ မောင်သံဆင့်(XYZ News)
Credit-DailyHotNews