မိန်း ကလေးပရိသတ်တွေရဲ့အသည်းကျော် စိုင်းစိုင်းကတော့ ဆယ်စုနှစ် နှစ်ခုစာလောက်အောင်မြင်မှုကိုထိန်းထားနိုင်သူတစ်ယောက်ပါ။လတ်တလောမှာလည်း သူကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ပိတောက်ကတဲ့ဂီတရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနေပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကို ရရှိနေတာလည်းဖြစ်ပါတယ်။စိုင်းစိုင်းကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တာနဲ့အညီ ပွဲတွေဆက်တိုက်ဆိုသလိုတက်ရောက်နေရသူဖြစ်ပြီး ဒီနေ့မှာလည်းမော်လမြိုင်တက္ကသိုလ်မှာ သွားရောက်ဖျော်ဖြေဖို့ စီစဉ်ထားပေမယ့်လည်း ကျန်းမာရေးအခြေအနေကြောင့် မသွားရောက်နိုင်ခဲ့ပါဘူး။

အဲ့ဒါကြောင့်လည်း “ပွဲပန်းတာရော ခရီးပန်းတာရော မနေ့က အပူရှပ်တာရော အားလုံးပေါင်းသွားတဲ့အတွက်… ဒီနေ့ မော်လမြိုင် တက္ကသိုလ်ကို မလာရောက်နိုင်ပါသဖြင့် ကျောင်းသား ကျောင်းသူတွေကို တောင်းပန်ပါတယ်… ကျွန်တော့်ကိုယ်စား အကူအညီတောင်းထားလို့ ကို G Fatt က ဖျော်ဖြေပါလိမ့်မယ်နောက်တစ်ပွဲမှ ဆုံပါမယ်” ဆိုပြီးတောင်းပန်စကားဆိုခဲ့ပါတယ်။G-Fatt ကတော့ လမိုင်းမြို့ကိုသွားရောက်ပြီး အပြန်မော်လမြိုင်ကိုရောက်ရှိနေတာကြောင့် စိုင်းစိုင်းရဲ့အကူညီတောင်းတာကိုလက်ခံလိုက်ပြီး မော်လမြိုင်ကကျောင်းသားလေးတွေကို အသိပေးစကားဆိုခဲ့တာဖြစ်ပါတယ်။ “မနက်ဖြန် မော်လမြိုင် တက္ကသိုလ်မှာ လာဆိုပါမယ်… ကျွန်တော် မော်လမြိုင်ရောက်နေတယ် ဆိုတော့ မော်လမြိုင်က ကျောင်းသားတွေက ဆက်သွယ်လာပါတယ် ပထမတော့ Surprise လုပ်မလို့ပါပဲ ဒါပေမယ့် မနက်ဖြန် တခြားပွဲလဲရှိသေးတော့ ကြိုတင်ပဲကြေညာလိုက်ပါတယ်…အချိန်အခက်အခဲရှိတာကြောင့် မနက်( ၉)နာရီနဲ့ (၁၀)နာရီကြားမှာ ကျွန်တော် စဆိုပါမယ်…မော်လမြိုင် တက္ကသိုလ်က ကျောင်းသားကျောင်းသူများ အားလုံး မနက်စောစောထဲက လာစေချင်ပါတယ်” ဆိုပြီး သူလာရောက်ဖျော်ဖြေမယ့် အချိန်လေးကို အသိပေးစကားဆိုခဲ့ပါတယ်။

လတ်တလောမှာတော့ ဧပြီလကျောင်းပိတ်ရက်တွေရောက်တော့မှာမို့ ကျောင်းသင်္ကြန်ပွဲတွေပြုလုပ်နေကြပြီဖြစ်ပြီး G-Fatt ကတော့ ကျောင်းသင်္ကြန်ပွဲတွေကို Surprise လုပ်ပြီး သွားရောက်ဖျော်ဖြေနေသူတစ်ယောက်ပါ။ဒီနေ့ မော်လမြိုင်တက္ကသိုလ်ကပွဲလေးကတော့ ကြိုတင်စီစဉ်ထားတဲ့ပွဲလေးမဟုတ်တဲ့အပြင် အချိန်အခက်အခဲကြောင့် ကြိုတင်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် G-Fatt ကတော့ စိုင်းစိုင်းရဲ့အကူညီတောင်းတာကိုလက်ခံပြီး အချိန်မရှိတဲ့ကြားက မော်လမြိုင်တက္ကသိုလ်သင်္ကြန်ပွဲလေးမှာ ပါဝင်ဖျော်ဖြေပေးခဲ့ကြောင်း မျှဝေပေးလိုက်ပါတယ်နော်။

Source – Sai Sai Kham Leng, G-Fatt
Rainbow- Cele Gabar