ပ ရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေး မြတ်သူသူကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်းရင်း မိဘတွေကို ကျွေးမွေးပြုစုစောင့်ရှောက်နေတဲ့ သမီးအလိမ္မာလေးတစ်ယောက်ပါ။လတ်တလောမှာလည်း မြတ်သူသူက မိခင်ဖြစ်သူရဲ့ မွေးနေ့လေးမှာ သူ့ရဲ့ အနုပညာကြေး ချွေးနဲစာလေးတွေကို စုဆောင်းပြီး မိခင်ဖြစ်သူကို မွေးနေ့လက်ဆောင်အနေနဲ့ ရွှေဆွဲကြိုးလေးလက်ဆောင်ဝယ်ပေးခဲ့ပါသေးတယ်။

မြတ်သူသူကတော့ မိခင်ဖြစ်သူကို မွေးနေ့လက်ဆောင်ရွှေဆွဲကြိုးလေးပေးခဲ့တာကိုရိုက်ကူးထားတဲ့ မှတ်တမ်းတင် ဗီဒီယိုလေးနဲ့ အတူ “ဒီနေ့က ချစ်ရတဲ့ မာတာမိခင်ရဲ့မွေးနေ့ ။

တသက်လုံး ဘာပကာသနမှ မပါဘဲ ရိုးရိုးကြီးနေတတ်တဲ့ မေကြီး။ မေကြီးမွေးနေ့မှာ သမီးနိုင်သလောက်လေးနဲ့ကန်တော့ခွင့်ရသလို တသက်တာလုံးမှာလည်း မေကြီးနဲ့မောင်နှမတွေကိုပြန်ပြီးပြုစုစောင့်ရှောက်ပါ့မယ်။”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

မြတ်သူသူကတော့ မိခင်ဖြစ်သူကို သက်ရှည်ကျန်းမာပျော်ရွှင်စွာ သူတို့နဲ့အတူနေထိုင်ပေးဖို့နဲ့ မိခင်ဖြစ်သူကို အရမ်းချစ်တယ်လို့လည်း ဆိုထားပါသေးတယ်။ မြတ်သူလေးရေ နောက်နောင်များမှာလည်း ဒီထက်မကအောင်မြင်မှုတွေပိုမိုရရှိပြီး မိဘကိုလည်း ဒီထက်မကပြုစုစောင့်ရှောက် ကျေးဇူးဆပ်နိုင်တဲ့ သမီးအလိမ္မာလေးတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်

Credit-CeleFamily