နိုင် ငံကျော် Beauty Blogger Social Infulencer တစ်ယောက်ဖြစ်တဲ့ ဝင်းမင်းသန်းဟာ မိန်းကလေးပရိသ တ်တွေရဲ့ အားပေးဝန်းရံမှုကို အခိုင်အမာရရှိထားတာဖြစ်ပါတယ်။ ဝင်မင်းသန်းက ဒီကနေ့ International Women’s Day မှာ သူမ(၁၁) နှစ်တိုင် စွဲမြဲစွာချစ်ခဲ့တဲ့ ယောကျာ်းတစ်ယောက်အကြောင်း အခုလိုပဲ ပြော လာပါတယ်။

“International Women’s Day မှာ အမျိုးသမီးတွေ ရဲ့ ကြိုးစားရုန်းကန်မှုတွေကို အသိအမှတ်ပြုလေးစားတဲ့ စိတ်တွေဖြစ်ရပါတယ်။ တဆက်တည်းမှာပဲ ကျနော်ဒီနေ့အထိအမျိုးသမီးတစ်ယောက်တည်းရပ်တည်မှု အတွက် မေတ္တာခွန်အား တွေ ဂရုဏာစိတ်အပြည့်နဲ့ ကူညီမှုတွေပေးခဲ့သူ၊ စိတ်ဓါရေးရာလုံခြုံမှုတွေပေးပြီး လေးစားမှုနဲ့ ကိုယ့်အပေါ်ဆက်ဆံခဲ့တဲ့ ကျနော့်ဘဝမှာ အရေးအပါဆုံး ယောကျာ်းတယောက်ကို အသိအမှတ်ပြု ကျေးဇူးတင်ချင်ပါတယ်။ (သူ့ကို အသိပေးပြီးမှ ဒီ post ကိုတင်တာပါ) “

“ကိုယ့်ကိုကိုယ် ယုံကြည်တတ်လာအောင် ဖေးမခဲ့တယ်။ Yangon In My Heart page လေး မလုပ်ခင်ထဲက သူက အမြဲပြောခဲ့တယ်။ “နင့်အသံကို လူအများကြီးကြားအောင်လုပ်ပါနင်ကတနေ့ Superstar ဖြစ်မှာ အခုတောင် ငါ့ဘဝမှာ နင်က superstar ပဲ တချိန်မှာ လူတွေ အများကြီးသိတဲ့ superstar ဖြစ်မယ်ဆိုတာငါယုံပီးသားမို့လို့ တကယ်ဖြစ်လာရင်ငါ့အတွက် ထူးဆန်းမှာ မဟုတ်ဘူး ” ဆိုပြီး အမြဲအားပေးခဲ့တဲ့သူပါ။

အမျိုးသမီးတစ်ယောက်ကို အစစအရာရာ ရှေ့တန်းတင် ဦးစားပေးပြီး ဆက်ဆံတတ်တဲ့ ယောကျာ်းတစ်ယောက်ကို ကျနော့်ဘဝမှာ firsthand experience အဖြစ် ပထမဆုံးတွေ့ကြုံဖူးခြင်းပါ။”

“၂၀၀၉ခု Valentine’s Day မတိုင်ခင် တရက်မှာတွေ့ခဲ့တဲ့ မြင်မြင်ခြင်းချစ်မိခဲ့တဲ့ ပါးချိုင်းတစုံနဲ့ အပြုံးချိုချိုပိုင်ရှင် တချိန်က “ဘဲသဲလေး”သူ့အကြောင်းလေးကို June လတုန်းက ရေးဖူးတာ မှတ်မိလားတော့ မသိဘူး ထူးဆန်းတဲ့ အကြောင်းလေးပြောမယ်နော်။ ကျနော်လေ သူ့ကို တကယ်စိတ်ထဲမှာ တမ်းတမ်းတတနဲ့ သတိရလွန်းလို့ ရေးမိတယ် နောက်ဆုံး အဆုံးသပ်လိုက်တာ June 30th မှာ July 4th မှာ ကျနော့်ဆီကို သူ email ပို့လာတယ်။

အဲ့ဒီ့အချိန်မှာ သူနဲ့ကျနော် အဆက်အသွယ်ပျက်နေတာ ၂နှစ်ခွဲလောက်ရှိပြီပေါ့။ အဝင်းတို့ ထုံးစံအတိုင်း လွဲလိုက်ရမှလေ”“သူ့ email ကို July 7th မှာမှတွေ့တယ် ဒီလိုပဲ စကားတွေပြန်ပြောကြရင်း ပြန်ဆက်သွယ်မိကြတယ်။ သူတခါမှ မရောက်ဖူးတဲ့ မြန်မာပြည်ကို December 2019 မှာလာလည်ပါတယ်။

ကျနော့်အမေကိုလည်း သူအရမ်းတွေ့ချင်တာလဲပါတယ်။ သူက ဖိလစ်ပိုင်လူမျိုး Canada နိုင်ငံ Toronto မြို့မှာ အသက် ၇နှစ်လောက်တည်းကနေကြီးပြင်းလာတဲ့သူပါ။ အခုတော့ ကျနော်တို့ ၂ယောက် တယောက် ကမ္ဘာတခြမ်းဆီမှာနေရင်း ကိုယ့်ဘဝကိုယ် ကျေနပ်စွာနဲ့ ဖြတ်သန်းနေပါ တယ်။”

“ကျနော်တို့ ၂ယောက်ရဲ့ သံယောဇဉ်နဲ့ နားလည်လေးစားမှုကို ဘာ label, status မှ တပ်စရာမလိုအောင်ကြီးမားပါတယ်။ ၁၁ကျော်ကြာခဲ့တဲ့ သံယောဇဉ်တွေက ဘာနဲ့မှ တိုင်းတာပြစရာမလိုအောင် ကျနော်တို့၂ယောက်နားလည်ပီးသားပါ။

ရဲရင့်ထက်မြတ်တဲ့ အမျိုးသမီးတယောက်ရဲ့ နောက်ကွယ်သမိုင်းမှာ ဒီလို ဖေးမကူညီပီး လေးစားချစ်ခင်ယုယတတ်တဲ့ အမျိုးသားတစ်ယောက်လည်း ရှိခဲ့ပါတယ် အရမ်းကျေးဇူးတင်တယ်” ဆိုပြီး အမှတ်တရပြောပြလာပါတယ်။ပရိသတ်ကြီးရော ဝင်းမင်းသန်းလို အချစ်ဇာတ်လမ်းမျိုးရှိခဲ့ဖူးလား ပြောပြခဲ့ဦးနော်။