တ ရုတ်ပြည်ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေတဲ့ အီတလီနိုင်ငံမှာ မနေ့က ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၇ ဦး အထိထပ်တိုးလာခဲ့ပါတယ်။ အခုလိုသေဆုံးသူဆက်တိုက်မြင့်တက်လာတာကြောင့် အီတလီအစိုးရကကိုရိုနာဗိုင်းရပ်စ်အရေး တနိုင်ငံလုံးအနေအထားအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်ပြီးနောက် ဒီရက်ပိုင်း ခရီးသွားတာတွေ၊ လူထူထပ်တဲ့အခမ်းအနားအစရှိတာတွေကို မလုပ်ကြဖို့အတွက် တားမြစ်လိုက် ပါပြီ။

ဒါ့ အပြင် အီတလီမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ စုစုပေါင်းဟာလည်း ၉၀၀၀ ကျော်သွားပြီဖြစ်သလို စုစုပေါင်း သေဆုံးသူဦးရေကလဲ မနေ့က ၃၆၆ ကနေ ၄၆၃အထိရှိလာပြီလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

ကို ရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိထိရောက်ရောက်ထိန်းချုပ်တဲ့အနေနဲ့ အီတလီဟာ အနည်း ဆုံးလူဦးရေ ၁၆ သန်းခန့် နေထိုင်နေတဲ့ နိုင်ငံမြောက်ပိုင်းနဲ့အခြားဒေသတွေကို မတ်လ ၈ ရက်ကစလို့ သီးခြားပိတ်ဆို့သွားတော့မှာ ဖြစ်ပါတယ်။ထိန်းချုပ်ပိတ်ဆို့မယ့်ဒေသတွေကတော့ လွန်ဘာဒီဒေသနဲ့ မြောက်ပိုင်းပြည်နယ် ၁၁ ခုတို့ အပြင် အရှေ့ပိုင်းဒေသတို့လည်း ပါဝင်ပါတယ်။ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ လူအများစုဝေးရာတွေဖြစ်တဲ့ အားကစားရုံ၊ ရေကူးကန်၊ ပြတိုက်တွေနဲ့ နှင်းလျှောစီးစခန်းတွေအပြင်၊ ဘဏ္ဍာရေးအရ အချက်အချာနေရာတွေ ဖြစ်ကြတဲ့ မီလန်နဲ့ ကမ္ဘာလှည့်တွေအလာများရာ ဗင်းနစ်တို့လည်း အကျုံးဝင်တယ်လို့ သိရပါတယ်။

အခုလို သေဆုံးသူဦးရေ အများအပြားတက်လာတာကိုကြည့်ရင် တရုတ်နိုင်ငံပြီးရင် အီတလီဟာ ဗိုင်းရပ်စ်ကြောင့် အဆိုးဆုံးအခြေအနေရိုက်ခတ်မှုအရှိဆုံးနိုင်ငံအဖြစ် ရင်ဆိုင်နေရတာပါ။

ပိတ်ဆို့ထိန်းချုပ်မှုအစီအစဉ်တွေအရ လူတွေကို နေအိမ်ထဲမှာပဲ ဖြစ်နိုင်သမျှနေဖို့ ညွှန်ကြားထားပြီး စားသောက်ဆိုင်တွေနဲ့ကဖေးဆိုင်တွေ ကို ဖွင့်ခွင့်ပေးမယ်ဆိုပေမဲ့ လူတဦးနဲ့တဦး တမီတာအကွာလောက် ခွာထိုင်ကြဖို့ သတ်မှတ်ထားပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ကမ္ဘာတဝှမ်းမှ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရသူဦးရေစုစုပေါင်း 114,422 အထိရှိပြီး သေဆုံးသူကတော့ 4,027
ရှိပြီဖြစ်ကာ ကုသပျောက်ကင်းသွားတဲ့အရေအတွက်ကတော့ 64,081
အထိရှိပြီဖြစ်ပါတယ်။

Credit-DailyHotNews
Ref; BBC News / Italy extends emergency measures nationwide
Writer_HULK ( XYZ News )