ပြည် သူချစ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ခိုင်နှင်းဝေကတော့ မျက်လုံးဝိုင်းဝိုင်း၊နှုတ်ခမ်းဖူးဖူးလေးနဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။နှစ်အနည်းငယ်ကြာ အနုပညာအလုပ်တွေကိုရပ်နားခဲ့ပေမယ့်လည်း အခုချိန်မှာဆိုရင်တော့ ပရဟိတအလုပ်တွေနဲ့ ပရိသတ်ရှေ့ကိုပြန်လည်ရောက်ရှိလာသူဖြစ်တဲ့အပြင် အနုပညာအလုပ်တွေလည်း ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။

မိခင်ရင်ခွင်ကကင်းလွတ်ပြီး စွန့်ပစ်ခံလိုက်ရတဲ့ကလေးလေးတွေအတွက်လည်း ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး ရင်အုပ်မကွာစောင့်ရှောက်နေသူတစ်ယောက်ပါ။ဒီဂေဟာလေးအတွက်တော့ အလှူငွေတွေလည်းလက်ခံတဲ့အပြင် အလှူရှင်မရှိတဲ့အချိန်မျိုးမှာလည်း အစစအရာရာလည်ပတ်နိုင်ဖို့အတွက် အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်ရင်း ချစ်ရတဲ့ကလေးတွေရှေ့ရေးအတွက် စဉ်းစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ချစ်ခင်အားပေးတဲ့ပရိသတ်တွေရှိသလို ဝေဖန်တိုက်ခိုက်သူတချို့လည်း ရှိတဲ့ကြားထဲမှာ ခိုင်နှင်းဝေကတော့ ပရဟိတသမားနဲ့မင်းသမီး ဘဝနှစ်မျိုးကိုဘက်မျှအောင် ကြိုးစားပြီး နေနေရကြောင်းကိုလည်း မကြာသေးခင်ကမှ ရင်ဖွင့်ခဲ့ပါသေးတယ် ပရိသတ်ကြီးရေ..

ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူခင်သူပိုပေါများတဲ့ ခိုင်နှင်းဝေကတော့ သူ့ရဲ့နေ့စဉ်လူနေမှုဘဝနဲ့ ကလေးတွေအကြောင်းကိုလည်း မကြာခဏဆိုသလို မျှဝေပေးလေ့ရှိသူတစ်ယောက်ဖြစ်ပြီး ဒီနေ့မှာတော့ သူ့ရဲ့ငယ်ဘဝက ပုံရိပ်လေးတွေကို မျှဝေခဲ့ပါတယ်။မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ငယ်ငယ်ကတည်းက လှသွေးကြွယ်ခဲ့တဲ့ ခိုင်နှင်းဝေရဲ့ငယ်ဘဝပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Khine Hnin Wai
Rainbow- Cele Gabar