အ မျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ COVID-19 သံသယ ဖြင့် စောင့်ကြည့်လူနာ ၇ ဦးတွင် ရောဂါပိုးမတွေ့ရှိရကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မတ်လ ၉ ရက်နေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပညာသင်ကြားနေသည့် အမျိုးသမီးတစ်ဦး၊ ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော လက်ထောက်ဆရာဝန်အမျိုးသားတစ်ဦး၊ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြည့်ကုသမှုခံယူနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော ကိုရီးယားသမ္မတနိုင်ငံသာအမျိုးသားတစ်ဦး၊ ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော အမျိုးသမီးတစ်ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်ကုသမှုခံယူနေသော အမျိုးသားတစ်ဦး တို့တွင် COVID-19 ရောဂါပိုးမရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ထပ်တိုး စောင့်ကြည့်လူနာ ၇ ဦး ဒီနေ့ ညနေ ၆ နာရီအချိန်အထိ လူနာ (၁၁) ဦးအား သက်ဆိုင် ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

ဓူဝံ