အ ပျိုဖော်ဝင်ခါစ ၁၆ နှစ်သမီးလေး အခန်းထဲကို အဖေတယောက် ဝင်ကြည့်တဲ့အခါ

၁ ၆ နှစ်သမီးလေး အခန်းထဲကို အဖေတယောက် ဝင်ကြည့်လိုက်တဲ့အခါ

သ မီးမရှိပဲ အခန်းက သပ်ရပ်နေပြီး စားပွဲပေါ်မှာ စာတစ်​​စောင်​ တင်ထားတာကို တွေ့ လိုက်ပါတယ်

စာကို ဖတ်ကြည့်တဲ့ အခါ

” ချစ်သော ဖေဖေ

ဒီစာကို ရေးရတဲ့အတွက် စိတ်မကောင်းပါဘူး

ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်

သို့ပေမယ့် သမီးရဲ့ ချစ်သူနောက်ကို အပြီး လိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ

သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တယ်လို့ ခံစားမိပါတယ် ။

သမီးထက် ၁၄ နှစ် ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ လည်း ကတိပေး ထားတယ်။

သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက်ဆုံး ဖြစ်မယ်လို့ သမီး ယုံကြည်တယ်လေ

သမီးမှာလည်း ကိုယ်ဝန် ရှိနေပြီလေ

ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေ အများကြီး မွေးပြီး ဘဝ တည်ဆောက်ဖို့လည်း သမီး ဆန္ဒရှိတယ်။

သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင် မရှိဘူး ဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ သူ ဆေးခြောက် ဖြန့်တော့မယ်လေ

သမီးကို ချစ်ရင် ဘယ်သူမှ မသိပါစေနဲ့နော်။

သမီးတို့ ချမ်းသာတဲ့ တစ်နေ့ကျ ဖေဖေ တို့ကို ပြန်ကျေးဇူး ဆပ်မှာပါ။ဖေဖေ့ကိုလည်း ချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။

ဒီတော့ သမီး ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ

ချစ်ခြင်းများစွာဖြင့်

အဖေ့ရဲ့  သမီး

စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်သူဟာ လက်တွေတောင် ကတုန် ကရင် ဖြစ်လာပါတယ် ။

စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်လိုက်ပါတယ်။

PS: ဖေဖေရေ အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်း အိမ်မှာပါ ။

လောကမှာ ထင်ထားတာတွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီး ပြောပြချင်တာပါ ။

လောလောဆယ် စားပွဲ အံဆွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထားတယ် ဖေဖေ

အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ် ထိုးပေးနော် သမီးကို ချစ်လို့ စိတ်ဆိုးပြေရင် ဖုန်းဆက် ခေါ်လိုက်နော် I love you Daddy

LoveShortNotes