ပ ရိသတ်တွေရဲ့အချစ်တော်မင်းသားချော ကျော်ထက်အောင်ကတော့ လက်ရှိအချိန်မှာအောင်မြင်တဲ့ Presenter တစ်ယောက်အနေနဲ့သာမက မင်းသားတစ်လက်အနေနဲ့ပါ ရပ်တည်နေသူတစ်ယောက်ပါ။မြန်မာအိုင်ဒေါရဲ့ Host တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့သတိပြုမိခြင်းကို ရရှိခဲ့တာကြောင့်လည်း ပြိုင်ပွဲကြီးပြီးဆုံးကတည်းက ဇာတ်ကားတွေရိုက်ဖို့ကမ်းလှမ်းခံခဲ့ရတဲ့ ကျော်ထက်အောင်ကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးများစွာ ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။

ပြည်သူချစ်အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်လာနိုင်ခဲ့ပြီဖြစ်တဲ့ကျော်ထက်အောင်ကတော့ လိုအပ်တဲ့နေရာတွေမှာ ကူညီလှူဒါန်းပေးတတ်သူတစ်ယောက်လည်းဖြစ်ပြီး ဒီနေ့မှာတော့ သူလှူထားတဲ့အလှူလေးကနေရတဲ့ ပီတိကိုပရိသတ်ကြီးကိုမျှဝေပေးခဲ့ပါတယ်။ပြင်ဦးလွင်မှာရှိတဲ့ စိမ်းလန်းမြေပရဟိတ ပညာဒါနစာသင်ကျောင်းက ကလေးတစ်ယောက်ကိုတော့ ပညာသင်စရိတ်ထောက်ပံ့ပေးထားတာဖြစ်ပြီး မကြာခင်မှာဖြေဆိုရတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမတိုင်ခင်မှာတော့ ကျောင်းသားလေးက ကျေးဇူးတင်ကြောင်းစာလေးကို ရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။ကျောင်းသားလေးကတော့ ကျေးဇူးရှင်ဖြစ်သူကျော်ထက်အောင်စိတ်ချမ်းသာစေဖို့အတွက် ဂုဏ်ထူး(၁)ဘာသာနဲ့အမှတ်ပေါင်း(၄၀၀)ရအောင် ဖြေဆိုပါမယ်လို့ကတိပေးခဲ့ပြီး ကျော်ထက်အောင်ကတော့ “မှန်းထားတာထက် ဖြေနိုင်ပြီး ရည်မှန်းချက်တွေပြည့်ဝပါစေ သား အောင်မြင်ပါစေ” ဆိုပြီးပြန်လည်ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

ကျော်ထက်အောင်ကတော့ (၂၀၂၀)နှစ်စမှာတုန်းက အဆိပ် ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးထားပြီး မကြာခင်မှာလည်း သူပါဝင်ရိုက်ကူးထားတဲ့ ဂန္ထဝင်အငြိုး ဆိုတဲ့ဇာတ်ကားကြီးကို ရုံတင်ပြသတော့မှာဖြစ်ပါတယ်။အောင်မြင်တဲ့မင်းသားတစ်လက်အနေနဲ့ ရပ်တည်နေနိုင်သူကျော်ထက်အောင်ကိုတော့ သူထောက်ပံ့ပေးထားတဲ့ကျောင်းသားလေးကလည်း ဒီထက်မကအောင်မြင်စေဖို့ ဆုတောင်းပေးခဲ့ပါသေးတယ် ပရိသတ်ကြီးရေ…ကျေးဇူးရှင်ကို အရွယ်နဲ့မမျှအောင် ကျေးဇူးသိတတ်လွန်းတဲ့ ကလေးလေးရဲ့ ကျေးဇူးတင်ကြောင်းစာလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။သားလေးလည်း အလှူရှင်ဖြစ်သူ စိတ်ချမ်းသာအောင် ကတိပေးထားတဲ့အတိုင်း အောင်မြင်စွာဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Kyaw Htet Aung
Rainbow – Cele Gabar