လူ အများ သတိထားရအောင် အသိပေးခြင်းဖြစ်ပါသည်။

ပုံပါ အမျိုးသမီးသည် လသာ ၂၁လမ်း အောက်ဘလောက်တွင် သွားလာ နေသော အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ကျူးလွန်နေပါသည်။

6.3.2020 ညနေ 4:15 ၀န်းကျင်တွင် ထိုအမျိုးသမီးသည် (ပုံစံက ခပ်တောင့်တောင့် ထောင်ထောင်မောင်းမောင်း)ညီမတို့ ရုံးက အမ တစ်ယောက်ကို အနောက်က‌နေ ဆဲဆို ကြိမ်းမောင်း နေလို့ အမက လမ်းကို မြန်မြန်လျှောက်ရာ အမ နောက်မှ လိုက်ပြီး ကျောကို ဆောင့်ကန် ဆံပင်ကိုအ‌‌နောက်မှ လှမ်းဆွဲ ပါးရိုက် ကုတ်ဖဲ့ တယ်။

သူ ကန်လိုက်တဲ့ အရှိန်နဲ့ အမက လဲကျသွားတာကို ‌အနောက်ကစည်းထားတဲ့ ဆံပင်ကို လှမ်းဆွဲပီး ဘေးနထင်ဇောင်းကို ပါးလှမ်းရိုက်ပါတယ်။အမ က အားမတူတော့ ရုန်းတာ ဘယ်လိုမှရုန်းမရဘူး ကုတ်စွဲ ကုတ်ဖဲ့ ပီးအမကို လုပ်နေတာ ဘေးက ဘယ်သူမှ ၀င်မကူပေးပါဘူး။ပြီးမှ ဘေးကဖျော်ရည်ရောင်းတဲ့အဖွားက လာပီးဆွဲ ထိုအမျိုးသမီးကိုပြောဆို မှ လွှတ်ပေးပါတယ်။

အာ့နေရာနားတဝိုက်မှာ ယောက်ျား အရင့်အမာကြီးတွေ ထိုင်နေတာရှိပါတယ် ဘယ်သူမှ ထွက်မလာကြပါဘူး။သူတို့ပြောတာ က အာ့ အမျိုးသမီးက ဒီနေရာတဝိုက်မှာ သောင်းကျန်းနေတာကြာပါပီပေါ့ သူ့ပုံစံက အရမ်းသန်မာနေတော့ ဘယ်သူမှ မပြောမဆိုရဲဘူး တဲ့။

ယောက်ျားတေကိုဆို အာ့လိုတေ မလုပ်ဘူး မိန်းကလေးတေကိုမှ ရွေးလုပ်တာတဲ့။အာ့လိုပဲ ထိုင်ကြည့်နေတာကို အပြစ်မတင်ချင်ပါဘူးလေ။အာ့ဖြစ်တဲ့နေရာကို လသာ ရဲစခန်းက ရဲ အရာရှိ လာရောက်ကြည့်ပါတယ် ကြည့်ရုံပါပဲနော်။ဘာတခွန်းမှပြောသွားခြင်းမရှိပါ။

ထိုမိန်းမကို ဟောက်ဖို့မပြောနဲ့ စကားတခွန်းတောင် မပြောဆိုသွားပါဘူး။ရုံးကအမ ကမကျေနပ်လို့ လသာ စခန်းသွားတော့လဲ ဘာမှမလုပ်ပေးပါဘူး။အုပ်ချုပ်ရေးမှူး ကအစ ဘာတခုမှလုပ်ပေးခြင်းမရှိပါဘူး။သူတို့ပြောသလို ထိုအမျိုးသမီး ရူးနေတယ်ထားတော့ နည်းနည်းပါးပါး ထိန်းသိမ်းပေးသင့်တယ်။

နည်းနည်းတာဝန်လေး ယူပေးသင့်တယ် ထင်ပါတယ်။အမ ကလဲ အာ့လို လေးလုပ်ပေးရင်ကျေနပ်ပါတယ်။အခုဟာက ဘာမှ လုပ်မရဘူး ဘာမှ လုပ်ပေးမရဘူးဆိုတော့ အာ့မိန်းမ သတ်ရင်ကော ဒီအတိုင်းအငြိမ်ခံရမှာလား?။အာ့ပတ်ဝန်းကျင်မှာ သူအာ့လိုအနိုင်ကျင့်နေတာ ကြာပါပီတဲ့။

ကိုယ်တေကမကျေနပ်လို့ အာ့အမျိုးသမီးကိုသွားလုပ်ရင် အရူးမကို အနိုင်ထက်ပြုတယ်ဆိုပီး ဂျေးထဲ အောင်းရအူးမယ်။လူအများအပြစ်တင်ပြောဆိုကြအူးမယ် လေ။သူလုပ်တော့ ဘာမှ လုပ်မရဘူးတဲ့။ထိုမိန်းမက ဆေးကြောင်နေပီး လင်တရူးနေတာလို့လဲပြောကြတယ်။

အရမ်းကြီးသွပ်သွပ်ခါ ရူးနေတာတော့မဟုတ်ပါဘူး။ပြီးတော့သူတစ်ပါးကို နာကျင်စေချင်တဲ့စိတ် နဲ့ လုပ်နေတာ။ထိုအနီးနားပတ်ဝန်းကျင်ကိုသွားရင် ရှောင်ရှားကြပါသတိနဲ့သွားကြပါ လို့ သတိပေးပါတယ်နော်။

(ကာယကံရှင် အမ ဆန္ဒဖြင့် တင်ပေးခြင်း ဖြစ်ပါသည်)။ Tuntun