တ ရုတ်ပြည်ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေတဲ့ အီတလီနိုင်ငံမှာ မနေ့က တနင်္ဂနွေနေ့တစ်ရက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၃ ဦး အထိထပ်တိုးလာခဲ့ပါတယ်။ အီတလီနိုင်ငံမှာ လွန်ခဲ့တဲ့စနေနေ့က ဗိုင်းရဗ်စ်ကြောင့် လူ ၅၀ ကျော်သဆုံးထားတာဖြစ်ပြီး မနေ့က ၁၃၃ ယောက် ထပ်တိုးလာတဲ့အတွက် ဒါဟာ၂၄ နာရီကာလအတွင်း လူသေဆုံးမှုနှုန်း အမြင့်မားဆုံးအဖြစ်စံချိန်သစ်တင်ခဲ့ပါတယ်။

ဒါ့အပြင် အီတလီမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ စုစုပေါင်းဟာလည်း ၇၀၀၀ ကျော်သွားပြီဖြစ်သလို စုစုပေါင်း သေဆုံးသူဦးရေကလဲ ၃၆၆ အထိရှိလာပြီလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ အီတလီကစစ်တမ်းအရ အသက် ၈၀ ကျော်မှာဖြစ်တာ ၄၂% သေပါတယ်။ အသက်၇၀ ကျော်မှာဖြစ်တာ ၃၅% သေပါတယ်။ အသက် ၆၀ ကျော်မှာဖြစ်တာ ၁၆% သေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိထိရောက်ရောက်ထိန်းချုပ်တဲ့အနေနဲ့ အီတလီက အရေးပေါ်အခြေအနေ ကြေငြာပြီး အနည်း ဆုံးလူဦးရေ ၁၆ သန်းခန့် နေထိုင်နေတဲ့ နိုင်ငံမြောက်ပိုင်းနဲ့အခြားဒေသတွေကို မတ်လ ၈ ရက်ကစလို့ သီးခြားပိတ်ဆို့သွားတော့မှာ ဖြစ်ပါတယ်။ ထိန်းချုပ်ပိတ်ဆို့မယ့် ဒေသတွေကတော့ လွန်ဘာဒီဒေသနဲ့ မြောက်ပိုင်းပြည်နယ် ၁၁ ခုတို့ အပြင် အရှေ့ပိုင်းဒေသတို့လည်း ပါဝင်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ လူအများစုဝေးရာတွေဖြစ်တဲ့ အားကစားရုံ၊ ရေကူးကန်၊ ပြတိုက်တွေနဲ့ နှင်းလျှောစီးစခန်းတွေအပြင်၊ ဘဏ္ဍာရေးအရ အချက်အချာနေရာတွေ ဖြစ်ကြတဲ့ မီလန်နဲ့ ကမ္ဘာလှည့်တွေအလာများရာ ဗင်းနစ်တို့လည်း အကျုံးဝင်တယ်လို့ သိရပါတယ်။

ပိတ်ဆို့ထိန်းချုပ်မှုအစီအစဉ်တွေအရ လူတွေကို နေအိမ်ထဲမှာပဲ ဖြစ်နိုင်သမျှနေဖို့ ညွှန်ကြားထားပြီး စားသောက်ဆိုင်တွေနဲ့ကဖေးဆိုင်တွေ ကို ဖွင့်ခွင့်ပေးမယ်ဆိုပေမဲ့ လူတဦးနဲ့တဦး တမီတာအကွာလောက် ခွာထိုင်ကြဖို့ သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံပြီးရင် အရှေ့အလယ်ပိုင်းဒေသမှာ ကူးစက်မူဒဏ်အဆိုးရွားဆုံးခံစားနေရတဲ့အီရန်နိုင်ငံမှာလဲ မနေ့က လူ ၄၉ ဦးသေဆုံးခဲ့ပြီး ဗိုင်းရဗ်စ်ကူးစက်ခံရသူ စုစုပေါင်း ၆၀၀၀ ကျော်လာပြီဖြစ်သလို သေဆုံးသူကလဲ ၁၉၄ ဦးအထိရှိလာပြီလို့ အီရန်တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ကမ္ဘာတဝှမ်းမှ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရသူဦးရေစုစုပေါင်း ၁၁၀,၀၇၀ အထိရှိပြီး သေဆုံးသူကတော့ ၃,၈၃၀ ရှိပြီဖြစ်ကာ ကုသပျောက်ကင်းသွားတဲ့အရေအတွက်ကတော့ ၆၂,၂၈၀ အထိရှိပြီဖြစ်ပါတယ်။

အခုလို ကူးစက်မူတွေမြင့်တက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် အရေးပေါ် အသုံးပြုနိုင်မယ့် ဆေးသစ်ကို တရုတ်နိုင်င်က နောက်လထဲမှာ ပထမဆုံးအကြိမ်အဖြစ် စတင်အသုံးပြုနိုင်တော့မှာဖြစ်ကြောင်းဆိုလိုက်ပါတယ်။ ဒီဆေးအသစ်ကိုထုတ်လုပ်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်းတရုတ်ကျန်းမာရေး အာဏာပိုင်တစ်ဦးက မနေ့က ပြောကြားခဲ့တာပါ။

Ref – BBC News/Al Jazeera
Credit-Blacker