MRTV 4 မင်းသမီးလေး ပန်းနုသွေး လို့ လူ သိများနိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး မေမြင့်မိုရ် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် မေမြင့်မိုရ် ရဲ့ အလှပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမြင့်မိုရ် က ရုပ် ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေသူလေးပါ။သူမသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးကလည်းပရိသတ်အားပေးမှုများစွာရရှိထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ စတုတ္တမြောက်သွေးကြိုးမျှင် ရုပ်ရှင်ဇာတ်ကားကို သက်မွန်မြင့်၊ ရွှေထူး တို့နဲ့အတူ သရုပ်ဆောင် ရိုက်ကူးလျှက်ရှိပါတယ်။

ဒီတစ်ခါမှာတော့ မေမြင့်မိုရ် က ” တချို့အချစ်တွေက ငေးကြည့်နေရုံနဲ့ပြည့်စုံနေတာမျိုးတိမ်တွေလိုပေါ့” ဆိုပြီး သူမ အလှပုံရိပ်လေးတွေကို ဖော်ပြထားပါတယ်။

မေမြင့်မိုရ် က မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးယဉ်ယဉ်လေး လှနေတာပါ။

မေမြင့်မိုရ် ရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သရုပ်ဆောင် မေမြင့်မိုရ် ရဲ့ အလှ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;may myint mo