ေ မး။ ။ ဆရာမဂၤလာပါ။ ကျွန်တော့်အသက် (၆၁) နှစ်ပါ။ ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတော့ ရှိပါတယ်။ တစ်လောက နေထိုင်မကောင်း(၁၀) ရက်လောက်ဖြစ်ပါတယ်။ ဆေးထိုးဆေးစားလို့ ဆီးချိုနဲ့ သွေး ကြောကျဉ်းရောဂါကတော့ အတော်သက်သာသွားပါပြီ။

ဘာကျန်ခဲ့သလဲဆိုတော့ အစားမစားချင်ဘူးဖြစ်နေ တယ်။ စားချင်စိတ်လည်းပျောက်နေတယ်။ အရင်ကလို ခံတွင်းမြိန်အောင် ထမင်းစားချင်စိတ် ဖြစ်လာအောင် ဘယ်လိုနေထိုင်ရမယ် ဘယ်လိုအစားအစာ တွေ စားရမယ်၊

ဘယ်လိုဆေးဝါးတွေ သောက်ရမလဲဆိုတာရယ်။ နောက်တစ်ခု ညဘက်လည်း အိပ်မရဖြစ်နေပါတယ်။ ညဘက်အိပ်ပျော်အောင် ဆရာအနေဖြင့် အကြံပေးပါ ဆရာကြီးခင်ဗျာ။လေးစားစွာဖြင့်။

ဖြေ။ ။ ရောဂါတစ်ခုကုရတဲ့အခါမှာ စားရတဲ့ဆေးတွေကြောင့် ခံတွင်းပျက်ခြင်း၊ အစားအသောက်ပျက် ခြင်း၊ အရသာခံတွင်းမတွေ့ခြင်း များဖြစ်လေ့ရှိပါတယ်။ ဆေးဒဏ်တွေကို ခံရတဲ့သဘောပါ။ တိုင်းရင်းဆေး အလိုအရတော့ အချို့ဆေးတွေကြောင့် ဝမ်းမီးပျက်သွားတဲ့သဘောပါ။

ဝမ်းမီးဆိုတာ အစာချေတဲ့ ပါစက ဓာတ်မီးပါ။ ဝမ်းမီးပျက်သွားရင် စားချင်သောက်ချင်စိတ်အလိုလို မရှိတော့ပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဂန္ဓာရုံအနံ့ကြောင့် စားချင်သောက်ချင်စိတ် ပြန်ဖြစ်လာနိုင်တယ်လို့ ရှေးဆရာကြီးများ အမိန့်ရှိဖူးပါတယ်။

ဥပမာ- အမဲသားခြောက်၊ ဆိတ်သားခြောက်ကို လူနာကအနံ့ရအောင် မီးအုံးပြီးနောက် ထုထောင်းပြီး နှမ်း ဆီဆမ်းကျွေးတာမျိုးပါ။ အာဟာရအကြိုက်တွေ့လို့ တစ်ခါစားချင်ပြီးရင် နောက်တစ်ခါစားချင်စိတ် ဖြစ်ပေါ် လာတတ်ပါတယ်။ အနောက်တိုင်းဆေးပညာအလိုအရတော့ လိုင်စင်းဓာတ်ဟာ စားချင်သောက်ချင်စိတ် ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ကလေးတွေကို လိုင်စင်းဓာတ်ပါတဲ့ အချိုရည်တိုက်ကျွေးပေးရင် ထမင်းများ များစားတာ တွေ့ရပါတယ်။ မြန်မာ့ဆေးပင်ဆေးမြစ်၊ အသီး၊အရွက် စတာတွေမှာလည်း လိုင်စင်းဓာတ်ပါ တာတွေ သုတေသနလုပ်တွေ့ရှိထားတာ ရှိပါတယ်။ ဥပမာ- ရဲယိုသီးမှာဆိုရင် လိုင်စင်းဓာတ်အများအပြား ပါတယ်လို့ ဆိုပါတယ်။

မြန်မာ့ဓလေ့မှာဆိုရင် ကျေးလက်တောရွာများမှာ လူကြီးများ၊ အဖိုးအဖွားများ အသက်ကြီးလာရင် ရဲယိုသီးမှည့်နဲ့ ထန်းလျက်ကိုရောခေါက်ပြီး စားပေးခြင်းဖြင့် စားချင်သောက်ချင်စိတ် ဖြစ်ပေါ်တယ်လို့ဆိုပါတယ်။ ယခုခေတ်မှာ ရဲယိုကို ဆေးဖက်ဝင်ဓာတ်စာအဖြစ် ဖျော်ရည်ထုတ်လုပ်ပြီး အဆင့်မှီရောင်းချနေပြီ ဖြစ်ပါတယ်။

ရဲယိုသီးအမှည့်များကို အနှစ်တိုက်နေလှန်း ပျားရည်နဲ့ရောပြီး မီးအပူ ပေး ခပ်နွေးနွေးချက်ထားပြီး ဖန်ပုလင်းမှာထည့် အပေါ်က နှမ်းဆီအုပ်ထား နေ့စဉ်ဟင်းစားဇွန်း တစ်ဇွန်း နှစ် ဇွန်း စားပေးရင် ကျန်းမာပြီး စားဝင်၊ အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။

♦️မေး။ ။ ဆရာခင်ဗျာ နူးညွတ်စွာနဲ့ တောင်းဆိုချင်ပါတယ်။ ဘာကြောင့်လဲနဲ့ ဘာရောဂါလည်းသိချင်ပါ တယ်။ ကျွန်တော်ခြေဖဝါးနဲ့ ခြေဖမိုးနေရာက အဓိက အပ်နဲ့ထိုးသလို စူးစူးပြီး နာပါတယ်။ ဘယ်အချိန်တွေ မှာ ပိုဖြစ်လည်းဆိုတော့ နားနေတဲ့အချိန် ထိုင်လိုက်တဲ့အချိန် အိပ်ခါစ လှတဲ့အချိန်တွေမှာ နာတတ်ပါတယ်။

တစ်ခါတစ်လေလည်း လမ်းလျှောက်ရင်းလည်း စူးပြီးနာတတ်ပါတယ်။ ခြေဖဝါးတစ်ခုတည်းလား ဆိုတော့ မဟုတ်ပါဘူး။ လက်ဖဝါးအဆစ်တွေလည်း တစ်ခုခုကို ကိုင်တာများတာပဲဖြစ်ဖြစ် ဥပမာ လက်ချောင်းလေး တွေနဲ့ ဖုန်းဂိမ်းကစားပြီးရင် အဲလိုပဲ တဆစ်ဆစ်နဲ့ ကိုက်တတ်နာတတ်ပါတယ်။ ကျေးဇူးပြုပြီး အကြံဉာဏ် တောင်းဆိုချင်ပါတယ်။

ဖြေ။ ။ သွေးထဲမှာ လေပူရှိလို့ပါ။ လေပူကအပ်နဲ့ထိုးသလို စူးစူးနဲ့ ဖြစ်တတ်ပါတယ်။ အိပ်ယာဝင်ခါနီး သံပုရာသီးတစ်လုံးအရည်နဲ့ ပျားရည်တစ်ဇွန်းရောစပ်ဖျော်သောက်ပါ။ နံနက်ရေမချိုးမီ အုန်းသီးအနုတစ်လုံး အုန်းစိမ်းရည်သောက်ပေးပါ။

လေစာများလေပွစာများ၊ ကောက်ညှင်း၊ လက်ဖက်၊ ရေခဲရေများ ရှောင်ပါ။ မုံညှင်းဆီထဲ ကွမ်းရွက်ချေထည့် မီးနဲ့ချက်ထား ခြေလက်များလိမ်းပေးပါ။ ဆားနင်းပြီး ဒူးအထက်က ရေ လောင်း ခြေဆေးပေးရင် ခြေဖဝါးနာသက်သာပါတယ်။

♦️မေး။ ။ ဆရာခင်ဗျာ လိပ်ခောင်းရှိနေပါတယ်။ ယခင်က လမင်းဆေးသောက်လျှင် သက်သာပါတယ်။ အခု ဆေးသောက်လည်းမရပါ။ အလေးသွားလျှင် သွေးယိုပါတယ်။ ကျေးဇူးပြုပြီး ဆေးနည်း၊ ဓာတ်စာ လမ်းညွှန် ပေးပါခင်ဗျာ။

ဖြေ။ ။ ဝမ်းမှန်အောင်ဂရုစိုက်ပါ။ ဆားခါးကို လှော်ထား။ ညအိပ်ယာဝင် မန်ကျည်းဖျော်ရည် တစ်ဖန်ခွက် မှာ ဆားခါးကို နှစ်ဇွန်းထည့်သောက်ပါ။ လိပ်ခေါင်းအပြင်ထွက်ရင် ကျားမနိုင်နွယ်မြစ် သွေးလိမ်းပါ။ ရှား စောင်း လက်ပက်အနှစ် ကပ်ပေးရင်လည်း ကျုံ့ပြီးပြန်ဝင်နိုင်ပါတယ်။ အပူအစပ်တွေ ရှောင်စားပါ။

♦မေး။ ။ ဆရာကြီးရှင့် အမေက ဆံပင်ကျွတ်တာ တစ်ပတ်လောက်ကျော်နေပါပြီ။ အရင်က အဲ့လိုမကျွတ်ဖူး ပါဘူး။ ဆောင်ရန်ရှောင်ရန် ဆေးနည်းမျှဝေပေးပါရန် လေးစားစွာ မေတ္တာရပ်ခံပါတယ်ရှင့်။

ဖြေ။ ။ လေပူထရင် ဆံပင်ကျွတ်ပါတယ်။ လေစာများရှောင်ပါ။ လေပူကျဆေးရှောင်စားပါ။ ဆန်ဆေးရေ ခေါင်းမှာ လိမ်းပြီး ခေါင်းလျှော်ပေးပါ။ ကျိတ်မှန်ရွက်အရည်ညှစ် အုန်းဆီနဲ့ရော ခောင်းလိမ်းပေးပါ။ ညအိပ် ယာဝင် ဒူးအထက်မှ ရေလောင်းခြေဆေးအိပ်ပါ။

♦မေး။ ။ ဆရာကြီးရှင့် သမီးဦးလေးမှာ ယားနာဖြစ်နေလို့ပါ။ ပွားလည်းလာပါတယ်ရှင့်။ အဖုလေးတွေ အရင်ပေါ်လာပြီး အကွက်ကြီးတွေ ဖြစ်လာတာပါရှင့်။

ဖြေ။ ။ တမာရွက်ကို ပြာချအုန်းဆီနဲ့ ရောလိမ်းပါ။ တမာရွက်ပြုပ်ရည်နဲ့ ရေချိုးပါ။ သံပရာသီးခြမ်းနဲ့ ပွတ် ပြီးမှ လိမ်းရင်ပိုကောင်းပါတယ်။

♦မေး။ ။ ဆရာခင်ဗျာ နှလုံးဆေးသောက်နေရပါတယ်။ မကြာခဏ အိပ်မရအောင် ချောင်းဆိုးနေပါတယ်။ မည်သည့်ဆေးများသောက်၍ မည်သို့ နေထိုင်စားသောက်ရမည်ကို ညွှန်ကြားပြသပေးစေလိုပါတယ်။ ကျေး ဇူးတင်ပါတယ်ဆရာ။

ဖြေ။ ။ ဇီယာရွက်အရည်ညှစ် ဆားလှော်အနည်းငယ်နဲ့ ရောလျက်ပေးပါ။ ဇော်ဂျီတောင်ဝှေးရွက်ပြုပ် ရည်ကို ဒိုဘာလာသကြား အနည်းငယ်ထည့်သောက်ရင်လည်း ရပါတယ်။

♦မေး။ ။ ဆရာကြီးရှင့် သမီးအမျိုးသားက ထောပတ်လုပ်ငန်းလုပ်ပြီး ကိုယ်တိုင်ချက်ပါတယ်။ အဲ့ဒါကြောင့် အညှော်နံ့တွေ ရှူရတဲ့အခါ ဘယ်လိုစားသောက်နေထိုင်ရမလဲ ညွှန်ပြပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ် ရှင့်။

ဖြေ။ ။ နလင်ကျော်တုံးသွေး တစ်ဇွန်းရေကျက်အေးနဲ့ တိုက်ပေးပါ။ စပါးလင်နဲ့ ဘဲဥကြော်ကျွေးပါ။ တိုင်းရင်းဆေးအမှတ် (၄၃) အကင်းဆယ်ပါးဆေးကို ညှော်ခံဆေး၊ မန်းဆေးအဖြစ် သောက်နိုင်ပါတယ်။

♦မေး။ ။ ဆရာရှင့် ကျွန်မ လွန်ခဲ့တဲ့ ၈ နှစ်လောက်က thyroid ကို ဘယ်ဘက်က ၃ ပုံတစ်ပုံခွဲ ထုတ်ထားပါ တယ်ရှင့်။ ရေအိတ်လိုမျိုးဖြစ်လာလို့ပါ။ ခွဲပြီးတော့ ဆရာဝန်ညွှန်တဲ့အတိုင်း thyroxine ဆေးသောက်ပါတယ် ရှင့်။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က မနက် ၂ နာရီ လောက်ရုတ်တရက်နိုးလာပြီး နှလုံးခုန်တွေမြန်ပြီး အသက် ရှူရခက်လာပါတယ်။

တစ်ခါဖြစ်ရင် ၃၊ ၅ မိနစ်လောက်ကြာပါတယ်။ ၁နာရီ ၂ နာရီဆိုပုံမှန်ပြန်ဖြစ်သွား ပါတယ်ရှင့်။ ဖြစ်နေတဲ့အချိန်ဆို ရေကိုမြိုချရင်လည်း အဆင်သိပ်မပြေပါဘူးရှင့်။ ၁၀ ရက်ကြာပြီး မနေ့က ပြန်ဖြစ်ပါတယ်။ ဆေးရုံသွားပြီး သွေးစစ် ECG ရိုက်လည်း အားလုံးက ပုံမှန်ပဲလို့ ပြောပါတယ်ရှင့်။

ဆေးလည်း မပေးဘဲ ဒီအတိုင်းပြန်လွှတ်လိုက်ပါတယ်ရှင့်။ နှလုံးဆရာဝန်နဲ့ ပြကြည့်ဖို့ပဲ အကြံပေးလိုက်ပါတယ်ရှင့်။ နှလုံး ဆရာဝန်နဲ့ပြဖို့ကလည်း တစ်လလောက်စောင့်မှာမို့ ထပ်ဖြစ်မှာဆိုးရိမ်လို့ပါရှင့်။ ကျွန်မက စင်္ကာပူမှာလုပ်နေ တာပါရှင့် ကျေးဇူးပြု၍ ဘာလုပ်သင့်လဲဆိုတာ ပြောပြပေးပါရှင့်။ ကျေးဇူးပါရှင့်။

ဖြေ။ ။ နှလုံးကြောင့်မဟုတ်ပါ။ အသက်ရှူလေပြွန်ကြောင့်ပါ။ လေဝင်နည်းပြီး အောက်ဆီဂျင်ပြတ်လို့ နှလုံးခုန်ကြိမ်များလာတာပါ။ ပက်လက်မအိပ်ပါနဲ့။ တတ်နိုင်ရင် အောက်ဆီဂျင်ဘူးဆောင်ထားပါ။ သိုင်း ရွိုက် ထုတ်ရည်နည်းလို့လည်း ဖြစ်နိုင်တယ်။

အထွေထွေကုဆရာဝန်ပြပါ။ လည်ပင်းမှာ ကျားမနိုင်နွယ်မြစ် သွေးလိမ်းပါ။ စင်္ကာပူမှာမရရင် သနပ်ခါးကို သံပရာသီးအရည်နဲ့ ရောသွေးလိမ်းပါ။ ဆီများတဲ့အစားအစာ၊ မျိုချရခက်တဲ့ အစားအစာတွေ သိပ်မစားပါနဲ့။ အရည်သောက်နဲ့ ရောစားပါ။ လေကောင်းလေသန့်ရတဲ့ နေ ရာမှာ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

အကြောင်းပြန်။ ။ ဆရာရှင့် လည်ပင်းမှာ သံပရာသီးကို သနပ်ခါးနဲ့ သွေးလိမ်းတာ သက်သာပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

♦မေး။ ။ မင်္ဂလာပါဆရာ။ ညဖက် ဆားနင်းပြီး ခြေဆေးလို့ ရပါသလားရှင့်။

ဖြေ။ ။ ရေဆေးရပါမယ်။ အခိုးတွေ အောက်ကိုဆင်းအောင် ဒူးအထက်မှ အောက်ရေလောင်း ခြေဆေး ပေးရင် မျက်စိတက်မဲ့အခိုးကို အောက်သက်စေပါတယ်။

♦မေး။ ။ မင်္ဂလာပါဆရာ။ ရေသောက်တိုင်းဆီးသွားရတယ် ပုံမှန်ဆီးအနံ့ပါ။ မနက်အိပ်ယာထသွားတဲ့ ဆီး အနံ့က တစ်မျိုးနံနေလို့ပါဆရာ။ ဘာဆေးဘာရောဂါဖြစ်နိုင်လဲဆရာ။ ဆေးနည်းရှိရင် ကူညီပါဦးဆရာ။ ဆီးသွားပြီးတိုင်းလည်း ခနတော့ အောင့်သွားတယ်ဆရာ။

ကျေးဇူးပြု၍ ကူညီပါဦးဆရာ။ ဆရာ ဆေးရှိရင် လည်း ဆေးနည်းပြောပြပေးပါလားဆရာ။ ဘာရောဂါလဲ ဘာဆေးသောက်ရမလဲ ဖြေပေးပါလားဆရာ။ တစ်နေကုန်ဆီးသွားတဲ့အနံ့နဲ့ အိပ်ယာထသွားတဲ့ ဆီးနံ့မတူလို့ပါဆရာ။

ဖြေ။ ။ မြင်းခွာရွက်သုပ်စားပါ။ ဖျော်ရည်လုပ်သောက်ပါ။ နံနက်ရေမချိုးမီဆန်ဆေးရည် တစ်ဖန်ခွက် သောက်ပေးရင် ဆီးအောင့်သက်သာပါတယ်။တိုင်းရင်းဆေးအမှတ်(၂၁) ဆီးဆေးဖြူဆေးကိုလည်းသောက် နိုင်ပါတယ်။

♦မေး။ ။ သွေးပျစ်ရောဂါကြောင့် လက်၊ ခြေထောက် ကိုက်ခဲနာကျင်တာ ဘယ်လိုလုပ်ရမလဲ ဆရာ။ ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ။ ။ သွေးပြစ်ရောဂါ စပါးလင်အမြစ်ခောင်း ထုထောင်း၍ အရည်စစ်ယူတစ်ဇွန်း ပျားရည်တစ်ဇွန်းစပ် သောက်ပါ။ သင်္ဘောသီးအမှည့် နေ့စဉ်တစ်လုံးစားပေးရင်လည်း သွေးပျစ်ရောဂါ သက်သာနိုင်ပါတယ်။

♦မေး။ ။ ဆရာမင်္ဂလာပါခင်ဗျာ။ ကျွန်တော်ပိန်ချင်လို့ သက်ရင်းကြီးမြစ်သွေးသောက်နေပါတယ်။ သက်ရင်း ကြီးမြစ်ရဲ့ ဆိုးကျိုးလေးများရှိရင် သိပါရစေဆရာ။ ဆရာ ကျန်းမာချမ်းသာပါစေ။

ဖြေ။ ။ သိပ်ရက်ကြာရင် ဗိုက်နာလာတတ်ပါတယ်။ တစ်ပါတ်ကို ၃ ရက်နားပါ။ တစ်လကို ၁၄ ရက် ထက် ပိုမသောက်စေချင်ပါ