ပို ပိုကတော့ လက်ရှိမှာ အောင်မြင်မှုတွေရရှိနေတဲ့ ပြည်သူချစ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ ပိုပိုက သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူကို သူ့ဆီကနေချူစားနေပါတယ်လို့ သူကပြောပါတယ်ဆိုပြီး မဟုတ်မမှန်သတင်းလွှင့်နေတဲ့ သူတွေကိုဖတ်ပေးပါဆိုပြီး ဖော်ပြလာခဲ့ပါတယ်။

ပိုပိုရဲ့ ရည်းစားဟောင်းက ပိုပိုဆီကနေ ချူစားခဲ့တာပါလို့ပိုပိုကပြောတယ်ဆိုပြီး မဟုတ်မမှန်သတင်းတွေလွှင့်နေကြတဲ့အပေါ် ပိုပိုကတော့ ရည်စားဟောင်းဖြစ်သူ ကိုယ်တိုင်က ညံ့ဖျင်းတဲ့သူမဟုတ်ဘဲ အရည်အချင်းရှိတဲ့သူဖြစ်တာကြောင့် သူ့ဆီကတောင်ပိုပိုကိုယ်တိုင်က ပြန်လေ့လာသင်ယူရဦးမှာဖြစ်တာမို့ ရည်းစားဟောင်းဖြစ်သူကချူစားတယ်ပြောတာက သူ့အတွက်ရယ်စရာတစ်ခုဖြစ်နေတယ်လို့ပိုပိုကဆိုလာပါတယ်။

ပိုပိုကတော့ အခုလိုစကားမျိုးကို သူပြောခဲ့တယ်ဆိုရင် သူပြောကြောင်းသက်သေနဲ့တကွလာပြဖို့နဲ့ သူမပြောခဲ့တဲ့ အတွက် သူ့ရဲ့ဘက်ကရှင်းရဲတဲ့အကြောင်းကိုလည်း ပြောထားပါသေးတယ်။အခုလိုပြောပြလာရတာကလည်း ပိုပိုရဲ့ဂုဏ်သိက္ခာနဲ့ ရည်းစားဟောင်းဖြစ်သူရဲ့ ဂုဏ်သိက္ခာအတွက် လူအများသိအောင်ပြောပြလာတာပါလို့လည်း ဆိုထားပါသေးတယ်။ ပရိသတ်ကြီးရေ ပိုပိုကိုအခုလိုမဟုတ်မမှန်သတင်းတွေလိုက်ပြောနေတာကတော့ ယောက်ျားအရင့်အမာကြီးတွေပါတဲ့နော်။

Credit