ထို င်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျောင်းတက်နေရာမှ ဘားအံမြို့သို့ ပြန်လည်ရောက်ရှိလာသူ အပြင်းဖျားလူနာ အမျိုးသမီး တစ် ဦး ကရင်ပြည်နယ် ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးသို့ မတ်လ (၇)ရက်က တက်ရောက်ကုသမှုခံယူနေစဉ် အဆုတ်ရောင်ရမ်း ကြီး ထွားနေသည့် လက္ခဏာ တွေ့ရှိရသည့်အတွက် ကိုရိုနာ ဗိုင်းရပ်စ်သံသယ လူနာအဖြစ် ထားရှိကုသနေကြောင်း သိရသည်။

ဘားအံမြို့ အတှကျ ပုံရလဒျမြား

အဆိုပါ လူနာအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဟုတ်မဟုတ် ဆေးစစ်ရန် လိုအပ်သည့် အချက်အလက်နှင့် နမူနာပစ္စည်း များ နေပြည်တော်သို့ ပို့ဆောင်စစ်ဆေးနေပြီး မတ်လ ၉ ရက်တွင် ရောဂါဟုတ်မဟုတ် သိရှိထုတ်ပြန်သွားမည်ဟု ပြည်နယ် အစိုးရ ကျန်းမာရေးဌာ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ သံသရ ရှိသူတစ်ဦး ဘားအံ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့် ကုသနေ

“မနေ့က ဘားအံ ဆေးရုံ ရောက်လာတယ်။ ဘန်ကောက်မှာ ကျောင်းသွားတက်ပြီး ပြန်လာတဲ့ ကလေးမလို့တော့ သိရတယ်။ အ ဆုတ်ရောင်ရမ်းနေတယ်။ သူက တီဘီ ရောဂါအခံရှိတာ ဆေးရုံမှာ အခုစစ်ဆေးနေရင်းတော့ ကနဦး သိရတယ်။ ဒါပေမဲ့ သူရဲ့ အ ချက်အလက်နဲ့ နမူနာ ဓါတ်ခွဲရမယ့်ဟာတွေတော့ နေပြည်တော်ကို ဒီနေ့ နေ့ခင်း ပို့လိုက်ပါပြီ ။ မနက်ဖြန် အဖြေသိရမှာပါ” ဟု အ ဆိုပါ ပြည်နယ်အစိုးရ ကျန်းမာရေးဌာန တာဝန်ရှိသူ ပြောသည်။

ဘားအံမြို့ပြည်သူ့ဆေးရုံ အတှကျ ပုံရလဒျမြား

ကရင်ပြည်နယ် အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ရှိသည့် လူနာများရှိလာပါက သီးသန့်ထား ပြုစုကုသရန် တောင် ကလေးရပ်တွင် တစ်နေရာ မြဝတီ မြို့သစ်မြေနေရာတွင် တစ်နေရာ ထားရှိကုသနိုင်ရန် ဆေးဝါးနှင့် ကြပ်မတ်ကုသမည့် ကျန်းမာ ရေး အစီအမံများ ဆောင်ရွက်ထားပြီဖြစ်ကြောင်းလည်း ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၏ ပြောကြားချက်အရ သိရသည်။

အကုန်သိ