ပရိ သတ်တွေရဲ့အချစ်တော်သုသုကတော့ အောင်မြင်တဲ့မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ယောက်ပါ။မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း မကြာခဏ ပျော်ရွှင်စရာ Tik Tok လေးတွေမျှဝေပေးလေ့ရှိတာကြောင့် အားပေးသူပရိသတ်အခိုင်အမာရရှိခဲ့ပြီး အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။

လတ်တေ လာမှာလည်း သူ့အတွက် စတုတ္ထမြောက်ရုပ်ရှင်ဖြစ်တဲ့ အထိန်းတော်ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပြီဖြစ်ပါတယ်။ဒီဇာတ်ကားကြီးကိုတော့ ဒါရိုက်တာခင်လှိုင်(ဉာဏ်ကြီးရှင်)ကရိုက်ကူးနေတာဖြစ်ပြီး သုသုနဲ့အတူတူ လင်းလင်းလည်း ပါဝင်သွားမှာပါ။သုသုကတော့ ကိုယ်ပိုင်အလုပ်ဖြစ်တဲ့ မိတ်ကပ်ပညာရှင်အနေနဲ့လည်း အလုပ်တွေဆက်တိုက်လုပ်နေရတဲ့အပြင် ကားရိုက်ရှူတင်၊ပွဲတက်စတာတွေနဲ့ မနားရလောက်အောင်အလုပ်ရှုပ်နေပေမယ့်လည်း ပြင်ပြင်ဆင်ဆင်လေးနဲ့အမြဲလှပနေအောင် နေလေ့ရှိသူတစ်ယောက်ပါ။မနေ့ပွဲတက်တစ်ခုမှာလည်း သုသုရဲ့ဖက်ရှင်ဒီဇိုင်းကြောင့် ပရိသတ်တွေကတော့ အံ့အားသင့်ပြီး အချစ်ပိုခဲ့ရတာလည်းဖြစ်ပါတယ်။လတ်တလောဖြစ်ပွားနေတဲ့ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးသတိပေးချက်တွေများစွာ ထုတ်ပြန်ထားတဲ့အထဲကမှ Mask တပ်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်တာမို့ သုသုကတော့ Mask လည်းတပ်ဖြစ်အောင်၊ အလှလည်းမပျက်အောင် ဒီဇိုင်းလေးထွင်ပြီး တပ်ခဲ့ပါတယ်။

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးပြုလုပ်ခြင်းကိုရှောင်ကြဖို့ သတင်းထုတ်ပြန်ထားတာကြောင့်လည်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့အကယ်ဒမီပေးပွဲကြီးလည်း ရက်ရွေ့ဆိုင်းလိုက်ရပါသေးတယ်။သုသုတို့လို အနုပညာရှင်တွေကတော့ သာမန်ပွဲတွေမှာတောင် လူစုလူဝေးတွေကို ရှောင်ဖို့မဖြစ်နိုင်တာကြောင့် Mask အလှလေးလုပ်ပြီး ကိုယ့်ကိုယ်ကိုလည်းကာကွယ်ရင်း ဖက်ရှင်တစ်ခုအနေနဲ့လည်း ပရိသတ်အမြင်ဆန်းအောင် ဝတ်ဆင်ခဲ့တဲ့အကြောင်း ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – Nyi Nyi Maung
Rainbow- Cele Gabar