ကို ရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် သင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပတော့မည်မဟုတ်ဘဲ အများပြည်သူ၏ ရေကစားခြင်းကို တားမြစ်ကန့်သတ်မည် မဟုတ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် WHO တို့၏ ကြေညာချက်အတိုင်း လူစုလူဝေးများမဖြစ်ပေါ်စေရေးအတွက် ယခုနှစ်ဧပြီလတွင် ကျင်းပမည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ကာ စည်ကားသိုက်မြိုက်စွာကျင်းပတော့မည် မဟုတ်ဘဲ အများပြည်သူပြည်သားတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရေကစားခြင်းကို ကန့်သတ်တားမြစ်မည်မဟုတ်ဘဲ ကျန်းမာရေးနှင့် ထိခိုက်အန္တရာယ်ဖြစ်ပွားမှုမှ ကာကွယ်ရေးအတွက် လုံခြုံရေးရယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင်္ကြန်ပွဲတော် ကျင်းပခြင်းကို ရပ်ဆိုင်းလိုက်သော်လည်း မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြုလုပ်နေကျဖြစ်သည့် အန္တရာယ်ကင်းပရိတ်တရားပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်း တော်ကျောင်းများတွင် နှစ်သစ်ကူး ဆုတောင်းမေတ္တာ ပို့သမှုခံယူခြင်းတို့ကို ကျင်းပပြုလုပ်မည်ဆိုပါက ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကာ နှစ်စဉ် ဗဟိုသင်္ကြန်မဏ္ဍပ် နှင့် တိုင်းရင်းသားရေးရာ သင်္ကြန်မဏ္ဍပ်နှစ်ခုဖြင့် ကျင်းပလေ့ရှိခဲ့သည်။

ကချင်ပြည်နယ်ကဲ့သို့ နှစ်စဉ် ကျင်းပနေသည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကျင်းပသည့် မုံရွာချင်းတွင်းသင်္ကြန်ကိုလည်း ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ပေ။တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် သင်္ကြန်ပွဲတော်များကိုရပ်ဆိုင်းခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် လမ်းလျှောက်သင်္ကြန်များကိုပြုလုပ်မည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားထားသည်။

the voice