တန င်္ဂနွေသားသမီး (မြန်မာစာမမွန်ပါက အောကျသို့ဆှဲဖတျပါ)

ပညာ​ရေးကိစ္စသင်​တန်းကိစ္စများတွင် အ​နှောင့်​အယှက်​ အနည်းငယ်​ကြုံ ပြီးမှသာ အဆင်​​ပြေလာပါလိမ့်​မည်​ အ​ရှေ့​တောင်​အရပ်​မှ လက်​​ဆောင်​ပစ္စည်း​ကောင်းရရှိမည်​ မိမိတွင်​ဖြစ်​​နေ​သော အခက်​အခဲများအတွက်​ မိတ်​​ကောင်း​ဆွေ​ကောင်းများထံမှ အကူအညီ​ကောင်း အ​ထောက်​အကူ​ကောင်းများ ရပါလိမ့်​မည်​ ကျန်းမာ​ရေးတွင်​​ ရောဂါအ​သေးအမွှား​လေး​တွေ မကြာခဏဖြစ်​​နေလိမ့်​မည်​ ငယ်​ရွယ်​သူများ အချစ်​​ရေးတွင်​ မိမိချစ်​ရသူထံမှ မိမိ​မျှော်​လင့်​ထား​သောအ​ဖြေရရှိပါလိမ့်​မည်​ ထီ၉ရပါ​သောထီထိုးပါ

ယတြာ သွပ်​ပြား​လေးလက်​တစ်​ဆစ်​​ပေါ်တွင်​ ဗ ဟု​ရေးပြီး​ဆောင်​ထားပါ 

တနင်္လာသားသမီး

ထူးခြား​သော အိပ်​မက်​​ကောင်းများ မြင်​မက်​ပါလိမ့်​မည်​ ပုဂ္ဂိုလ်​ထူးများနှင့်​လည်း အပြင်​တွင်​ကြုံ​တွေ့ရပါလိမ့်​မည်​ တန်​ဖိုးရှိ​သော ပစ္စည်းများတန်​ဖိုးမဖြတ်​နိုင်​​သော လမ်းညွှန်​စကားများလည်း ကြားရပါလိမ့်​မည်​ မိမိရဲ့အနစ်​နာခံကြိုးစားမူများအတွက်​​ ကံ​ကောင်းမူ ရလာဘ်​​ကောင်းများ ရရှိပါလိမ့်​မည်​ ကျန်းမာ​ရေးတွင်​ ခါးနာခြင်းခါး​အောင့်​ခြင်း ခံစားရပါမည်​ ငယ်​ရွယ်​သူများ အချစ်​​ရေးတွင်​ မပွင့်​မလင်း အုံပုန်းအချစ်​ဖြင့်​သာ​ ကျေနပ်​​နေ​သေးသည့်​ ကာလပါ ထီ၃၉ပါ​သောထီိထိုးပါ

ယတြာ ဂြိုလ်​၈ခွင်​လုံးတွင်​ ထီးဖြူတစ်​လက်​နှင့်​​ အောင်​သ​ပြေ၉ညွှန့်​စီလှူ ​ပေးပါ 

အင်္ဂါသားသမီး

မိမိရဲ့ကိုယ်​​ရေးကိုယ်​တာကိစ္စ​တွေ ထက်​သူတစ်​ပါးကိစ္စ​တွေအတွက်​ လိုက်​ပါအကူအညီ​ပေးရင်း အချိန်​​တွေ​တော်​​တော်​များများ​ ပေး​နေရပါလိမ့်​မည်​ ​နေအိမ်​တွင်​ အလှုအတန်းပြုရမည်​ အနက်​​ရောင်​ အသုံးအ​ဆောင်​​တွေ အကျိုးမ​ပေးတဲ့ကာလပါ အာရုံ​ကြောအားနည်းမည်​ ငယ်​ရွယ်​သူများအချစ်​​ရေးတွင်​မထင်​မှတ်​ဘဲ ခိုးရာလိုက်​​ပြေးရတတ်​ပါသည်​ ထီရ၃ပါ​သောထီထိုးပါ

ယတြာ ​ခေါင်း​လောင်း၉ချက်​တီး၍လိုရာဆု​တောင်းပါ 

ဗုဒ္ဓဟူးသားသမီး

အပြိုင်​အဆိုင်​လုပ်​ရသည့်​ လုပ်​ငန်းများ အထူးကြိုးစား​အောင်​မြင်​မည်​ မိမိရဲ့ကိုယ်​ပိုင်​အစွမ်းအစကို​ ဖော်​ထုတ်​ခွင့်​ရမည့်​ ကာလပါ အိမ်​အနီးအနားတွင်​ အလှူအတန်းမင်္ဂလာ အကြီးအကျယ်​ပြုလုပ်​လိမ့်​မည်​ ထိုသို့ပြုပြီးပါက မိမိအိမ်​တွင်​ စီးပွားဥစ္စာ စတင်​တိုးလာပါလိမ့်​မည်​ သင်​တန်းကိစ္စပညာ​ရေးကိစ္စများ အထူး​ကောင်းမွန်​ပြီး အတတ်​ပညာအသစ်​များကို​ လေ့လာဆည်းပူးရပါလိမ့်​မည်​ ငယ်​ရွယ်​သူများ အချစ်​​ရေးတွင်​ ကားစီးရင်း ဖူးစာဘက်​​တွေ့ပါမည်​ ကျန်းမာ​ရေးဇက်​​ကြောများ​ လေးလံ​တောင့်​တင်း​နေလိမ့်​မည်​ ထီရ၃ပါ​သောထီထိုးပါ

ယတြာ လက်​ကိုင်​ပုဝါထဲတွင်​သွပ်​ပြား​လေးကိုအသည်းပုံညှပ်​၍ထည့်​ပြီးထုပ်​ပါ သွား​လေရာ​ဆောင်​ပါ 

ကြာသာပတေးသားသမီး

အနုပညာလုပ်​ငန်းလုပ်​သူများ အထူး​အောင်​မြင်​မူရမည့်​ ကာလပါ လုပ်​ငန်းအဆက်​အသွယ်​ အချိတ်​အဆက်​များ ရရှိမည့်​ကာလပါ အမူထမ်းဝန်​ထမ်းများ လုပ်​ငန်းတွင်​ အစစအရာရာကတ်​သီးကတ်​သက်​နိုင်​​သော အထက်​လူကြီး​ကြောင့်​ အလုပ်​တွင်​စိတ်​ညစ်​ပြီး အလုပ်​ထွက်​ချင်​စိတ်​များ ဖြစ်​​နေလိမ့်​မည်​ ကျန်းမာ​ရေးတွင်​ အ​အေးမိဖျားနာဖြစ်​တတ်​ပါသည်​ ငယ်​ရွယ်​သူများ အချစ်​​ရေးတွင်​​ ဈေးဝယ်​ရင်း မိမိစိတ်​ဝင်​စားရမည့်​သူနှင့်​​ တွေ့ဆုံရပါလိမ့်​မည်​ ထီရ၅ပါ​သောထီထိုးပါ

ယတြာ တနင်္ဂ​နွေ​ထောင့်​နှင့်​စ​နေ​ထောင့်​တွင်​ ယပ်​တစ်​​ချောင်းစီလှု​ပေးပါ 

သောကြာသားသမီး

အ​ရေးကြီးကိစ္စများအတွက်​ စကား​ပြောဆိုမူများ​ အောင်​မြင်​ပါလိမ့်​မည်​ အထက်​လူကြီးများထံမှလည်း အကူအညီ​ကောင်းများ ရရှိပါလိမ့်​မည်​ စု​ပေါင်းစပ်​​ပေါင်းလုပ်​ကိုင်​ရ​သော လုပ်​ငန်းများအကျိုးအမြတ်​ကြီးကြီးမားမား ရရှိပါမည်​ ​ဆွေမျိုးညီအစ်​ကို​မောင်​နှမ ကျန်းမာ​ရေးအတွက်​​ ငွေကုန်​များတတ်​သလို​ဆေးရုံ​ဆေးခန်း​ ရောက်​ရှိတတ်​ပါသည်​ ငယ်​ရွယ်​သူများ အချစ်​​ရေးတွင်​ ဖွင့်​​ပြောရန်​အတွက်​ကိုပင်​ မဝံ့မရဲဖြစ်​​နေလိမ့်​မည်​ ထီရ၉ပါ​သောထီိထိုးပါ

ယတြာ ပန်း​ရောင်​အင်္ကျီဝတ်​ဆင်​၍တနင်္ဂ​နွေ​ထောင့်​တွင်​နှင်းဆီပန်းသုံးပွင့်​လှူ ဒါန်းပါ​လေ 

စနေသားသမီး

မိမိနှင့်​စိတ်​ချင်း သဟဇာတမဖြစ်​သူများနှင့်​ လုပ်​ငန်းအတူတူ တွဲလုပ်​​နေရတတ်​ပါသည်​ စိတ်​တိုစရာ​ ဒေါသထွက်​စရာကိစ္စ​တွေ မကြာခဏကြုံ​နေရပါလိမ့်​မည်​ ​ငွေ​ကြေးကံ​တော့ အထူး​ကောင်း​နေတတ်​ပြီး​ ငွေအစုအပုံဝင်​လာပါလိမ့်​မည်​ ဆုမဲ​တွေ​ပေါက်​တတ်​သလို ထီကံလည်း​ ကောင်း​နေတဲ့ကာလပါ ကျန်းမာ​ရေးတွင်​ ကိုယ်​လက်​​လေးလံ​နေပါလိမ့်​မည်​ ငယ်​ရွယ်​သူများ အချစ်​​ရေးတွင်​ မိမိချိန်​တာက တစ်​​ယောက်​မိမိကိုပြန်​ကြိုက်​​နေတာက တစ်​​ယောက်​ဖြစ်​​နေတတ်​ပါသည်​ ထီရ၅ပါ​သောထီိထိုးပါ

ယတြာ ​သောကြာ​ထောင့်​တွင်​သံပုရာသီး၆လုံးလှူ ၍လိုရာဆု​တောင်းပါ 

ကျော်​ဘိုဘိုဟိန်း