တ ရုတ်ပြည်ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေတဲ့ အီတလီနိုင်ငံမှာ မနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀ ကျော် အထိထပ်တိုးလာခဲ့ပါတယ်။

အီတလီနိုင်ငံမှာ လွန်ခဲ့တဲ့ကြာသာပတေးနေ့ကလဲ ၄၉ ဦးသေဆုံးထားတာဖြစ်ပြီး ဒီနေ့အယောက် ၅၀ ကျော်ထပ်တိုးလာတဲ့အတွက်၂၄ နာရီကာလအတွင်း လူသေဆုံးမှုနှုန်း အမြင့်မားဆုံး ဖြစ်လာတာပါ။

ဒါ့အပြင် အီတလီမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ စုစုပေါင်းဟာလည်း ၅၈၈၃ ကျော်သွားပြီဖြစ်သလို စုစုပေါင်း သေဆုံးသူ ၂၃၀ဦးအထိရှိလာပြီလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံပြီးရင် အရှေ့အလယ်ပိုင်းဒေသမှာ ကူးစက်မူဒဏ်အဆိုးရွားဆုံးခံစားနေရတဲ့အီရန်နိုင်ငံမှာလဲ ဗိုင်းရဗ်စ်ကူးစက်ခံရသူ စုစုပေါင်း ၆၀၀၀ ကျော်လာပြီဖြစ်သလို သေဆုံးသူကလဲ ၁၄၅ ဦးအထိရှိလာပြီလို့ အီရန်တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

ဒီအရေအတွက်ဟာ အစိုးရက တရားဝင်ထုတ်ပြန်ထားတာသာဖြစ်ပြီး အမှန်တကယ်သေဆုံးသူအရေအတွက်က အခုထက်ပိုများနိုင်တယ်လို့လဲ အီရန်နိုင်ငံသားတွေယူဆနေကြပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ကမ္ဘာတဝှမ်းမှ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရသူဦးရေစုစုပေါင်း 106,200အထိရှိပြီး သေဆုံးသူကတော့ 3,600 ရှိပြီဖြစ်ကာ ကုသပျောက်ကင်းသွားတဲ့အရေအတွက်ကတော့ 60,190အထိရှိပြီဖြစ်ပါတယ်။

အခုလို ကူးစက်မူတွေမြင့်တက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် အရေးပေါ် အသုံးပြုနိုင်မယ့် ဆေးသစ်ကို တရုတ်နိုင်င်က နောက်လထဲမှာ ပထမဆုံးအကြိမ်အဖြစ် စတင်အသုံးပြုနိုင်တော့မှာဖြစ်ကြောင်းဆိုလိုက်ပါတယ်။

ကမ္ဘာတဝှမ်းမှာ စုစုပေါင်း လူ ၃,၆၀၀ ကျော် သေဆုံးပြီး ၁ သိန်းကျော် ကူးစက်မှုတွေဖြစ်ပွားသွားစေခဲ့တဲ့ မူလဇစ်မြစ်တရုတ်နိုင်ငံမှ ဒီဆေးအသစကိုထုတ်လုပ်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်းတရုတ်ကျန်းမာရေး အာဏာပိုင်တစ်ဦးက မနေ့က ပြောကြားခဲ့တာပါ။

Credit-Writer_HULK ( XYZ News )