ပ ရိသတ်ကြီးရေ. ဟာသ သရုပ်ဆောင် လူရွှင်တော် ခင်လှိုင်ကတော့ ဟာသ ပိုင်းမှာ အရမ်းကိုကျွမ်းကျင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေကို အမြဲရယ်မောစေတဲ့ သူတစ်ယောက်ပါ ။ ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး အခုဆိုရင်သားနဲ့သမီးကိုပါ အနုပညာလောကထဲ လက်တွဲခေါ်လာခဲ့ပြီပဲဖြစ်ပါတယ် ။ ချစ်ရတဲ့ဇနီးနဲ့ သားသမီး သုံးယောက်တို့နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်သူဆိုလည်း မမှားပါဘူးနော် ။

ချစ်ဇနီးလေးကို မငွေသိမ်းလို့အမြဲလိုလိုစနောက်လေ့ရှိသလို အမှတ်တရနေ့လေးတွေမှာ ဇနီးကို ပျော်ရွှင်အောင်ထားတတ်တဲ့ ချစ်တတ်သူကြီး ဦးခင်လှိုင်ကတော့ သူရဲ့ဟင်းချက်လက်ရာကို အိမ်ရှင်မ မငွေသိမ်း က အကုန်ကြိုက်ပါတယ်တဲ့ ။ နယ်ရောက်ပြီဆို အပြင်အစားအစာတွေမကြိုက်တဲ့မငွေသိမ်းနဲ့..ဟင်းချက်ကျွေးရတာကိုပျော်တတ်တဲ့ကျွန်တော်ဝမ်းဆက်ပေါ့..ကိုကိုရယ်ကိုကိုကတော်လိုက်တာဘာဟင်းလေးချက်ချက်အရာသာကိုရှိနေတာပဲလို့ မငွေသိမ်းက ပြောလိုက်ရင် ညှော်ချင်သလောက်ညှော် ကြော်ပြီးသားပဲ ..သိဖို့ သိဖို့ ဆိုတဲ့စာသားလေးနဲ့အတူ မီးဖိုချောင်မှာ အပီအပြင်ချက်ပြုတ်နေတဲ့ သူ့ရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ မငွေသိမ်း ကိုကြောက်လို့ချက်ကျွေးရတယ်လို့ စနောက်ပြီးမှတ်ချက်တွေပေးနေကြတာတွေ့ရပါတယ် ။ ခင်လှိုင်ကတော့ ဇနီးဖြစ်သူကို အရမ်းကိုချစ်တတ်လွန်းလို့ ပရိသတ်တွေက တောင် အားကျနေရတာပါ ။ ခင်လှိုင်ကိုချစ်ခင်ကြတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်အိမ်ရှင်ထီးကြီးရဲ့ ဟင်းချက်နေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khin Hlaing
Emily ( Cele Gabar)